ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ထိရောက်တဲ့အရေးယူဆောင်ရွက်မှုမရှိတာကြောင့် ဗြိတိန်၊ အမေရိကန်နဲ့ အီးယူတို့က မြန်မာစစ်တပ်ကို အရေးယူဒဏ်ခတ်မှုတိုးမြှင့်လုပ်ဆောင်ဖို့ Burma Campaign UK က ဒီနေ့(နိုဝင်ဘာ ၁၁ရက်) တောင်းဆိုလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲတစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ နိုဝင်ဘာ ၈ ရက်မှာ ဗြိတိန်ရဲ့ ကမကထပြုမှုနဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးတံခါးပိတ်ဆွေးနွေးပွဲကျင်းပအပြီးမှာ ကောင်စီရဲ့သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့ပေမယ့် ထိရောက်တဲ့လုပ်ဆောင်မှု ဒါမှမဟုတ် မြန်မာနိုင်ငံ အနောက် မြောက်ပိုင်းအခြေအနေကို ဖြေရှင်းနိုင်ရေး သဘောတူဖို့ပျက်ကွက်ခဲ့တယ်လို့ Burma Campaign UK က ထုတ်ပြန်ပါတယ်။
“နိုင်ငံအနောက်မြောက်ဒေသကို ထိုးစစ်အသစ်ဆင်နေတဲ့ မြန်မာစစ်တပ်ကို သည်းခံမှာမဟုတ်ဘူးဆိုတဲ့ ရှင်းလင်းတဲ့သတိပေးမှုကို လိုအပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရရှိခဲ့တဲ့ ထုတ် ပြန်ချက်ကတော့ ဒီအခြေအနေကို တိုက်ရိုက်သက်ရောက်မှုမရှိခဲ့ပါဘူး” လို့ Burma Campaign UK အမှုဆောင်ဒါရိုက်တာ Anna Roberts ကပြောပါတယ်။
လုံခြုံရေးကောင်စီရဲ့ထုတ်ပြန်ချက်ဟာ သံတမန်ရေးရာအောင်မြင်မှုလို့ယူဆနိုင်တာနဲ့ မြေပြင်အခြေအနေအကြားကွာဟမှုကို ထပ်မံမီးမောင်းထိုးပြနေတယ်လို့ Burma Campaign UKက ဆိုပါတယ်။

Public Service Announcement
ဗြိတိန်သံတမန်တွေက အစည်းအဝေးလုံခြုံရေးနဲ့ မြန်မာပြည်အနောက်မြောက်ဒေသအခြေအနေရဲ့အန္တရာယ်ကို မီးမောင်းထိုးပြဖို့ကြိုးပမ်းခဲ့ပေမယ့် ကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်ရဲ့ခုခံမှုတွေရှိခဲ့တယ်လို့ Burma Campaign UK က ထုတ်ပြန်ပါတယ်။


















































