Connect with us

Hi, what are you looking for?

LuduNwayOo

News

သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၁၆ဦးကို တရားစွဲဆိုအ​ရေးယူထား​ကြောင်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲသမာမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေရှိတယ်လို့ စွပ်စွဲနေပေမယ့် အာဏာသိမ်းပြီး ၉ လကျော်ချိန်အထိ စွပ်စွဲမှုတွေကို ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲသမာမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေကျူးလွန်တယ်ဆိုပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၁၆ ဦးကို တရားစွဲဆိုအရေးယူထားလို့ အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံ ရွေးကောက် ပွဲကော်မရှင်က ဒီနေ့(နိုဝင်ဘာ ၁၆ရက်)ထုတ်ပြန်ပါတယ်။

ပြည်တွင်း၊ ပြည်ပ လွတ်လပ်သောရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်ကိုယ်စားပြုတယ်လို့ ယုံကြည်ထုတ်ပြန်ထားချိန်မှာ အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲသမာမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေရှိတယ်လို့ စွပ်စွဲနေပေမယ့် အာဏာသိမ်းပြီး ၉ လကျော်ချိန်အထိ စွပ်စွဲမှုတွေကို ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးဘူး။

ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ကော်မရှင်ဥက္ကဌဟောင်း ဦးလှသိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် အပါအဝင် ၁၆ ဦးကို သက်ဆိုင်ရာတရားရုံးတွေမှာ နိုဝင်ဘာ ၁၅ ရက်က တရားစွဲဆိုအရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

အမေရိကန် ရွေးကောက်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိ အခြေအနေအရ မျက်နှာသစ် သမ္မတတစ်ဦး ထွက်ပေါ်လာမှာ မဟုတ်ကြောင်း သေချာသွားစေခဲ့ပါတယ်။

နိုင်ငံတကာ

ဂန်ဂျာရဲ့ အဖွဲ့ကတော့ ရွေးကောက်ပွဲမှာ စနစ်တကျ ကျူးလွန်တဲ့ မဲမသမာမှုတွေ ရှိခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။