Connect with us

Hi, what are you looking for?

News

သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၁၆ဦးကို တရားစွဲဆိုအ​ရေးယူထား​ကြောင်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲသမာမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေရှိတယ်လို့ စွပ်စွဲနေပေမယ့် အာဏာသိမ်းပြီး ၉ လကျော်ချိန်အထိ စွပ်စွဲမှုတွေကို ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးဘူး။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲသမာမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေကျူးလွန်တယ်ဆိုပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၁၆ ဦးကို တရားစွဲဆိုအရေးယူထားလို့ အကြမ်းဖက်စစ်ကောင်စီရဲ့လက်အောက်ခံ ရွေးကောက် ပွဲကော်မရှင်က ဒီနေ့(နိုဝင်ဘာ ၁၆ရက်)ထုတ်ပြန်ပါတယ်။

ပြည်တွင်း၊ ပြည်ပ လွတ်လပ်သောရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို ထင်ဟပ်ကိုယ်စားပြုတယ်လို့ ယုံကြည်ထုတ်ပြန်ထားချိန်မှာ အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲသမာမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေရှိတယ်လို့ စွပ်စွဲနေပေမယ့် အာဏာသိမ်းပြီး ၉ လကျော်ချိန်အထိ စွပ်စွဲမှုတွေကို ခိုင်ခိုင်မာမာ သက်သေမပြနိုင်သေးဘူး။

ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ကော်မရှင်ဥက္ကဌဟောင်း ဦးလှသိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင် အပါအဝင် ၁၆ ဦးကို သက်ဆိုင်ရာတရားရုံးတွေမှာ နိုဝင်ဘာ ၁၅ ရက်က တရားစွဲဆိုအရေးယူထားတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။