Connect with us

Hi, what are you looking for?

News

ပြည်သူ့ညီလာခံကို ဒီဇင်ဘာမှာ စတင်ကျင်းပဖို့ စီစဉ်နေတယ်လို့ NUCCပြော

ပထမအကြိမ် ပြည်သူ့ညီလာခံကို ဒီဇင်ဘာလမှာ ခေါ်ယူကျင်းပဖို့စီစဉ်နေပြီး နောက်ပိုင်းမှာ ညီလာခံကို ၆ လတစ်ကြိမ်ခေါ်ယူမယ်လို့ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အတည်ပြုရေးအပါအဝင် လုပ်ငန်းစဉ် ၃ ရပ်လုပ်ဆောင်မယ့် ပြည်သူ့ညီလာခံကို လာမယ့် ဒီဇင်ဘာလမှာ ခေါ်ယူကျင်းပဖို့စီစဉ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပထမအကြိမ် ပြည်သူ့ညီလာခံကို ဒီဇင်ဘာလမှာ ခေါ်ယူကျင်းပဖို့စီစဉ်နေပြီး နောက်ပိုင်းမှာ ညီလာခံကို ၆ လတစ်ကြိမ်ခေါ်ယူမယ်လို့ဆိုပါတယ်။

ပထမအကြိမ်ညီလာခံကို NUCC တိုးချဲ့ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အတည်ပြုရေး၊ NUG အမျိုးသားညီညွတ်ရေးအစိုးရ ထပ်မံအတည်ပြုရေးစတဲ့လုပ်ငန်းစဉ်သုံးရပ်နဲ့ ကျင်းပသွားမယ်လို့ ဒီနေ့ကျင်းပတဲ့ NUCC သတင်းစာရှင်းလင်းပွဲမှာ အသိပေးပါတယ်။

အဲဒီပြည်သူ့ညီလာခံကို အားလုံးပါဝင်နိုင်ရေးကို လုပ်ဆောင်မှာဖြစ်ပြီး ဘယ်လိုနည်းလမ်းနဲ့ ပါဝင်နိုင်မလဲဆိုတာကိုလည်း မကြာခင်ကြေညာသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

NUCCကို ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စား လှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်၊ အမျိုးသမီး၊ အလုပ်သမား၊ အရပ်ဖက်အဖွဲ့အစည်း၊ CDM ပါဝင်သူ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ စတဲ့ လူထု လူတန်းစားအလွှာအသီးအသီးမှ အဖွဲ့အစည်း ၂၈ ဖွဲ့မှ ကိုယ်စားလှယ် ၅၆ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ တွေ့ဆုံပြီး တော်လှန်ရေးအဖွဲ့အစည်းအချင်းချင်းကြား မြေပြင်ပဋိပက္ခများကိစ္စ ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။