Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူ့ညီလာခံကို ဒီဇင်ဘာမှာ စတင်ကျင်းပဖို့ စီစဉ်နေတယ်လို့ NUCCပြော

ပထမအကြိမ် ပြည်သူ့ညီလာခံကို ဒီဇင်ဘာလမှာ ခေါ်ယူကျင်းပဖို့စီစဉ်နေပြီး နောက်ပိုင်းမှာ ညီလာခံကို ၆ လတစ်ကြိမ်ခေါ်ယူမယ်လို့ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အတည်ပြုရေးအပါအဝင် လုပ်ငန်းစဉ် ၃ ရပ်လုပ်ဆောင်မယ့် ပြည်သူ့ညီလာခံကို လာမယ့် ဒီဇင်ဘာလမှာ ခေါ်ယူကျင်းပဖို့စီစဉ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပထမအကြိမ် ပြည်သူ့ညီလာခံကို ဒီဇင်ဘာလမှာ ခေါ်ယူကျင်းပဖို့စီစဉ်နေပြီး နောက်ပိုင်းမှာ ညီလာခံကို ၆ လတစ်ကြိမ်ခေါ်ယူမယ်လို့ဆိုပါတယ်။

ပထမအကြိမ်ညီလာခံကို NUCC တိုးချဲ့ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဉ်အတည်ပြုရေး၊ NUG အမျိုးသားညီညွတ်ရေးအစိုးရ ထပ်မံအတည်ပြုရေးစတဲ့လုပ်ငန်းစဉ်သုံးရပ်နဲ့ ကျင်းပသွားမယ်လို့ ဒီနေ့ကျင်းပတဲ့ NUCC သတင်းစာရှင်းလင်းပွဲမှာ အသိပေးပါတယ်။

အဲဒီပြည်သူ့ညီလာခံကို အားလုံးပါဝင်နိုင်ရေးကို လုပ်ဆောင်မှာဖြစ်ပြီး ဘယ်လိုနည်းလမ်းနဲ့ ပါဝင်နိုင်မလဲဆိုတာကိုလည်း မကြာခင်ကြေညာသွားမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

NUCCကို ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စား လှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်၊ အမျိုးသမီး၊ အလုပ်သမား၊ အရပ်ဖက်အဖွဲ့အစည်း၊ CDM ပါဝင်သူ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ စတဲ့ လူထု လူတန်းစားအလွှာအသီးအသီးမှ အဖွဲ့အစည်း ၂၈ ဖွဲ့မှ ကိုယ်စားလှယ် ၅၆ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

NUG နှင့် NUCC တို့အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြည်သူများမှ ဆန့်ကျင်အာခံရန် ထုတ်ပြန်ထားသည်ကို တွေ့ရှိရပြီး ထိုစစ်မှုထမ်းဥပဒေကို ကန့်ကွက်ကြောင်းလက်မှတ်များ ကောက်ခံနေသည်ကိုလည်း တွေ့ရှိရကြောင််း တကသများ-ရန်ကုန်နှင့် က.လ.တ တို့က ဖော်ပြသည်။

သတင်း

အသက်ဆုံးရှုံးခဲ့ရသူများ ၊ကိုယ်လက်အဂါ် ချို့ယွင်းခဲ့ရသူများ၊ အကျဥ်းကျခံခဲ့ရသူများ ၊ ရုပ်ပိုင်းစိတ်ပိုင်းညှင်းပန်းနှိပ်စက်ခံရသူများ ၊အသက်ဆုံးရှုံးခဲ့ရသူများ၏ကျန်ရစ်သူမိသားစုများကို အထူးနစ်နာခဲ့ကြသည့် နစ်နာဆုံးရှုံးသူများဟုသတ်မှတ်၍ ​ထောက်ပံ့​ပေးရမည်ဟုလည်းပါဝင်သည်။

သတင်း

မျှော်ရည်ပိုင်းဖြတ်ထားသော မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်သည်ဟု ဆိုသည်။

သတင်း

NUCC/NUG က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပေါ် ယုံကြည်ပြီး ရှေ့ဆက်သွားရင်းဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယူဆကြောင်း NUCC ကောင်စီဝင် ဒေါ်ခေတ်ငြိမ်းအေးက ပြောကြားခဲ့သည်ဟုဆိုသည်။