Connect with us

Hi, what are you looking for?

News

NUCCတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ ပြည်နယ်အတိုင်ပင်ခံ​ကောင်စီ ၅ခုပါဝင်

ဒါ့အပြင် NUCC မှာအတိုင်ပင်ခံ​ကောင်စီ ငါးခုပါဝင်​နေပြီး ပြည်နယ်အ​ခြေခံတဲ့ အတိုင်ပင်ခံ​ကောင်စီ ​လေးခုနဲ့ လူမျိုးကိုအ​ခြေခံတဲ့ အတိုင်ပင်ခံ​​ကောင်စီတစ်ခုပါဝင်တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ​ကောင်စီကိုယ်စားပြုပြီး သတင်းစာရှင်းလင်းပွဲတက်​ရောက်တဲ့ ​ဒေါက်တာလျှန်မှုန်းဆာခေါင်းက​ ပြောပါတယ် ။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့နဲ့ ပြည်နယ်အတိုင်ပင်ခံ​ကောင်စီ ၅ ခု ပါဝင်​နေပြီလို့ ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ​ကောင်စီဝင်​တွေက ​ပြောပါတယ်။

နိုင်ငံ​ရေးအရအမြင့်ဆုံးစုဖွဲ့မှုဖြစ်တဲ့ NUCCမှာ ပါဝင်​နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) ရှစ်ခုရဲ့အမည်အ​သေးစိတ် မ​ပြော​ပေမယ့် ဒီနေ့ (နိုဝင်ဘာ ၁၆ )ပြုလုပ်တဲ့ NUCC သတင်းစာရှင်းလင်းပွဲမှာပဲ KNU ၊ KNPP၊ CNFတို့က ကိုယ်စားပြုသူ​တွေပါ​နေတာကို​တွေ့ရပါတယ်။ ဒါ့အပြင် တချို့တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်း​တွေက ပြည်နယ်အတိုင်ပင်ခံ​ကောင်စီ ရဲ့​​ခေါင်းစဥ်​အောက်က​နေပါဝင်တာရှိတယ်လို့ NUCCမှာပါဝင်တဲ့ KNUမှ ပဒို​စော​တောနီးက ရှင်းပြပါတယ် ။

ဒါ့အပြင် NUCC မှာအတိုင်ပင်ခံ​ကောင်စီ ငါးခုပါဝင်​နေပြီး ပြည်နယ်အ​ခြေခံတဲ့ အတိုင်ပင်ခံ​ကောင်စီ ​လေးခုနဲ့ လူမျိုးကိုအ​ခြေခံတဲ့ အတိုင်ပင်ခံ​​ကောင်စီတစ်ခုပါဝင်တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ​ကောင်စီကိုယ်စားပြုပြီး သတင်းစာရှင်းလင်းပွဲတက်​ရောက်တဲ့ ​ဒေါက်တာလျှန်မှုန်းဆာခေါင်းက​ ပြောပါတယ် ။

ကျန်​နေ​သေးတဲ့ပြည်နယ်​တွေက အတိုင်ပင်ခံ​ကောင်စီ​တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း​တွေ၊အင်အားစု​တွေပါ​ဝင်လာ​အောင် ဆက်လက်ဖိတ်​ခေါ်ပြီး ပါဝင်ကြဖို့ ဖိတ်​​​​ခေါ် တယ်လို့လည်းဆိုပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အင်အားစုငါးစုအ​ပေါ် အ​ခြေခံပြီး​တော့ နိုင်ငံ​ရေးအရဦး​ဆောင်မှု​ပေးမယ့် စု​ပေါင်း​ခေါင်း​ဆောင်မှုနဲ့ဖွဲ့စည်းတယ်လို့​ပြောတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှာ အခုအခါ အစုအဖွဲ့ ၂၈ဖွဲ့ ပါဝင်ပြီး ​ရှေ့ဆက်ပြီးတိုးလာဖို့သာရှိတယ်လို့ မြန်မာနိုင်ငံအလုပ်သမားတပ်​ပေါင်းစုက ဦးနန္ဒာစစ်​အောင်က​ ပြောပါတယ် ။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်​တော်လှန်ဖြုတ်ချဖို့အတွက် နိုင်ငံ​ရေးအတွက်အ​ရေးပါတဲ့ အင်အားစု​တွေရဲ့ စု​ပေါင်းရာဖြစ်တဲ့ NUCCဖွဲ့စည်းနိုင်တာက မြန်မာ့သမိုင်းတစ်​လျှောက် ကြီးမားတဲ့​အောင်မြင်မှုဖြစ်တယ်လို့ ​NUCC မှာပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်​ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်း​ရေး​ကော်မတီ-မန္တ​လေးက​ ဒေါက်တာ​တေဇာဆန်းက​ ပြောပါတယ်။

NUCCက ဦး​ဆောင်ပြီးပထမဆုံးအကြိမ်ကျင်းပမယ့် ပြည့်သူ့ညီလာခံကိုလာမယ့်ဒီဇင်ဘာမှာကျင်းပဖို့ စီစဥ်ထားတယ်လို့လည်း​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။