Connect with us

Hi, what are you looking for?

News

NUCCတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့နဲ့ ပြည်နယ်အတိုင်ပင်ခံ​ကောင်စီ ၅ခုပါဝင်

ဒါ့အပြင် NUCC မှာအတိုင်ပင်ခံ​ကောင်စီ ငါးခုပါဝင်​နေပြီး ပြည်နယ်အ​ခြေခံတဲ့ အတိုင်ပင်ခံ​ကောင်စီ ​လေးခုနဲ့ လူမျိုးကိုအ​ခြေခံတဲ့ အတိုင်ပင်ခံ​​ကောင်စီတစ်ခုပါဝင်တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ​ကောင်စီကိုယ်စားပြုပြီး သတင်းစာရှင်းလင်းပွဲတက်​ရောက်တဲ့ ​ဒေါက်တာလျှန်မှုန်းဆာခေါင်းက​ ပြောပါတယ် ။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ဖွဲ့နဲ့ ပြည်နယ်အတိုင်ပင်ခံ​ကောင်စီ ၅ ခု ပါဝင်​နေပြီလို့ ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ​ကောင်စီဝင်​တွေက ​ပြောပါတယ်။

နိုင်ငံ​ရေးအရအမြင့်ဆုံးစုဖွဲ့မှုဖြစ်တဲ့ NUCCမှာ ပါဝင်​နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAOs) ရှစ်ခုရဲ့အမည်အ​သေးစိတ် မ​ပြော​ပေမယ့် ဒီနေ့ (နိုဝင်ဘာ ၁၆ )ပြုလုပ်တဲ့ NUCC သတင်းစာရှင်းလင်းပွဲမှာပဲ KNU ၊ KNPP၊ CNFတို့က ကိုယ်စားပြုသူ​တွေပါ​နေတာကို​တွေ့ရပါတယ်။ ဒါ့အပြင် တချို့တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်း​တွေက ပြည်နယ်အတိုင်ပင်ခံ​ကောင်စီ ရဲ့​​ခေါင်းစဥ်​အောက်က​နေပါဝင်တာရှိတယ်လို့ NUCCမှာပါဝင်တဲ့ KNUမှ ပဒို​စော​တောနီးက ရှင်းပြပါတယ် ။

ဒါ့အပြင် NUCC မှာအတိုင်ပင်ခံ​ကောင်စီ ငါးခုပါဝင်​နေပြီး ပြည်နယ်အ​ခြေခံတဲ့ အတိုင်ပင်ခံ​ကောင်စီ ​လေးခုနဲ့ လူမျိုးကိုအ​ခြေခံတဲ့ အတိုင်ပင်ခံ​​ကောင်စီတစ်ခုပါဝင်တယ်လို့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံ​ကောင်စီကိုယ်စားပြုပြီး သတင်းစာရှင်းလင်းပွဲတက်​ရောက်တဲ့ ​ဒေါက်တာလျှန်မှုန်းဆာခေါင်းက​ ပြောပါတယ် ။

ကျန်​နေ​သေးတဲ့ပြည်နယ်​တွေက အတိုင်ပင်ခံ​ကောင်စီ​တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း​တွေ၊အင်အားစု​တွေပါ​ဝင်လာ​အောင် ဆက်လက်ဖိတ်​ခေါ်ပြီး ပါဝင်ကြဖို့ ဖိတ်​​​​ခေါ် တယ်လို့လည်းဆိုပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အင်အားစုငါးစုအ​ပေါ် အ​ခြေခံပြီး​တော့ နိုင်ငံ​ရေးအရဦး​ဆောင်မှု​ပေးမယ့် စု​ပေါင်း​ခေါင်း​ဆောင်မှုနဲ့ဖွဲ့စည်းတယ်လို့​ပြောတဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)မှာ အခုအခါ အစုအဖွဲ့ ၂၈ဖွဲ့ ပါဝင်ပြီး ​ရှေ့ဆက်ပြီးတိုးလာဖို့သာရှိတယ်လို့ မြန်မာနိုင်ငံအလုပ်သမားတပ်​ပေါင်းစုက ဦးနန္ဒာစစ်​အောင်က​ ပြောပါတယ် ။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်​တော်လှန်ဖြုတ်ချဖို့အတွက် နိုင်ငံ​ရေးအတွက်အ​ရေးပါတဲ့ အင်အားစု​တွေရဲ့ စု​ပေါင်းရာဖြစ်တဲ့ NUCCဖွဲ့စည်းနိုင်တာက မြန်မာ့သမိုင်းတစ်​လျှောက် ကြီးမားတဲ့​အောင်မြင်မှုဖြစ်တယ်လို့ ​NUCC မှာပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်​ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်း​ရေး​ကော်မတီ-မန္တ​လေးက​ ဒေါက်တာ​တေဇာဆန်းက​ ပြောပါတယ်။

NUCCက ဦး​ဆောင်ပြီးပထမဆုံးအကြိမ်ကျင်းပမယ့် ပြည့်သူ့ညီလာခံကိုလာမယ့်ဒီဇင်ဘာမှာကျင်းပဖို့ စီစဥ်ထားတယ်လို့လည်း​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က တအာင်းတပ်မတော်(TNLA) ထိန်းချုပ်တဲ့မြို့ရွာတွေကို ထိုးစစ်ဆင်နေတာ၊ လေကြောင်း စစ်ဆင်ရေးလုပ်ဆောင်နေတာတွေကို ရှမ်းမြောက်အခြေစိုက် ကျန်တိုင်းရင်းသားအဖွဲ့တွေက မျက်ကွယ်ပြုထားပါက နောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကို ရင်ဆိုင်လာရမယ်လို့ ရှမ်းမြောက်အရေးလေ့လာသူတွေက ပြောပါတယ်။

သတင်း

မင်းအောင်လှိုင်ဦးဆောင်သောစစ်အုပ်စုက စစ်ကောင်စီမှ စစ်ကော်မရှင်ဟု​အမည်​ပြောင်း​သော်လည်း အကြမ်းဖက်အုပ်စု၊ နိုင်ငံတော်နှင့် ပြည်သူ့ ရန်သူပင်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့က ယနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

သတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေး လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ ဒီနေ့ တွေ့ဆုံခဲ့တယ်လို့ NUCC က ဒီနေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများနှင့်ပတ်သက်သည့် ပန်ကြားချက်ကို ယနေ့ တွင်ထုတ်ပြန်ခဲ့ရာ တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းအကြား လက်နက်ကိုင်စွဲ ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပေးပါရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြရန်မေတ္တာရပ်ခံလိုက်သည်။