Connect with us

Hi, what are you looking for?

News

မအူရွာရဲကင်းကို​ရေစကြိုPDF တိုက်ခိုက်ရဲ​လေးဦး​သေ

” PDFက မအူရဲကင်းကို ဝင်စီးပစ်တာ။ ရဲလေးယောက်သေတယ်။ ဒုရဲအုပ်က ထွက်ပြေးသွားတယ်။ အခု စစ်တပ်က တပ်စွဲနေလို့ ရွာလုံးကျွတ်ပြေးနေရတယ်” ဟု ဟုဒေသခံတစ်ဦးကပြောသည်။

ရေစကြိုမြို့နယ် မအူရွာရဲကင်းကို ​ရေစကြို ပြည်သူ့ကာကွယ်​ရေးတပ် (​ရေစကြို PDF)က ယနေ့ နေ့လယ်က ဝင်စီးနင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲလေးဦးကို သုတ်သင်နိုင်ခဲ့ပြီးနောက် ယခုအခါ စစ်တပ်က ဒေသခံများကို လိုက်လံဖမ်းဆီးနေသည်။

” PDFက မအူရဲကင်းကို ဝင်စီးပစ်တာ။ ရဲလေးယောက်သေတယ်။ ဒုရဲအုပ်က ထွက်ပြေးသွားတယ်။ အခု စစ်တပ်က တပ်စွဲနေလို့ ရွာလုံးကျွတ်ပြေးနေရတယ်” ဟု ဟုဒေသခံတစ်ဦးကပြောသည်။

ရေစကြိုဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDFမှ လူငယ်များက ယနေ့ (နိုဝင်ဘာ ၁၈)နေ့လယ် ၁၂နာရီခန့်တွင် မအူရွာရဲကင်းကို စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားက ညနေသုံးနာရီခန့်တွင် မအူရွာသို့ရောက်လာခဲ့ပြီး သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု မြို့ခံအချို့ကပြောသည်။ မအူရွာသည် ရေစကြိုမြို့နှင့် ရှစ်မိုင်အကွာတွင်ရှိသော လူဦးရေတစ်ထောင်ခန့်ရှိသည့်ရွာကြီး ဖြစ်သည်။

(​ဓါတ်ပုံ-ရေစကြိုမြို့နယ်ရှိ ပခန်းငယ်​ရဲကင်းစခန်းကိုလည်း ​ရေစကြိုPDFက နိုဝင်ဘာ ၁၃ရက်တွင်တိုက်ခိုက်စီးနင်းခဲ့သည်)

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။