Connect with us

Hi, what are you looking for?

LuduNwayOo

News

CIAအကြီးအကဲ ထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီး မြန်မာ့လုံခြုံရေးဆွေးနွေး

သတင်းမထုတ်ပြန်တဲ့တွေ့ဆုံမှုမှာ ထိုင်းဝန်ကြီးချုပ်ဟာ Mr Cohen ကို အစိုးရအိမ်တော်မှာ ၄၅ မိနစ်ခန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ သတင်းမီဒီယာတွေကိုတော့ သတင်းရယူခွင့်မပေးခဲ့ပါဘူး။

ဓာတ်ပုံ - ဘန်ကောက်ပို့စ်

အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ(CIA)ဒုတိယအကြီးအကဲ David Cohenဟာ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha နဲ့ မနေ့က တွေ့ဆုံခဲ့ပြီး မြန်မာ နိုင်ငံရဲ့လုံခြုံရေးအခြေအနေအပါအဝင် အကြောင်းအရာများစွာဆွေးနွေးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြပါတယ်။

ထိုင်းဝန်ကြီးချုပ်နဲ့ CIA အကြီးအကဲတို့ရဲ့တွေ့ဆုံမှုမှာ ဒေသတွင်းတည်ငြိမ်းရေး၊ မြန်မာနိုင်ငံအခြေအနေနဲ့ အိမ်နီးချင်း(မြန်မာ)နိုင်ငံမှာ ထိခိုက်ခံစားနေရသူတွေကို အကူအညီပေးရေး ကိစ္စရပ်တွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အစိုးရအိမ်တော်သတင်းရင်းမြစ်က ပြောပါတယ်။

သတင်းမထုတ်ပြန်တဲ့တွေ့ဆုံမှုမှာ ထိုင်းဝန်ကြီးချုပ်ဟာ Mr Cohen ကို အစိုးရအိမ်တော်မှာ ၄၅ မိနစ်ခန့်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ သတင်းမီဒီယာတွေကိုတော့ သတင်းရယူခွင့်မပေးခဲ့ပါဘူး။

တွေ့ဆုံမှုမှာ စီးပွားရေးလုံခြုံရေး၊ ထိုင်း-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များနဲ့ ထိုင်းက အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး(Apec)ဥက္ကဌတာဝန်ယူချိန်မှာ အမေရိကန်ရဲ့ ကူညီထောက်ပံ့ရေးကတိကဝတ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် CIA ဒုတိယအကြီးအကဲဟာ ထိုင်းခရီးစဉ်အပြီး နောက်ထပ်အာဆီယံအဖွဲ့ဝင်နှစ်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ဟာ နေပြည်တော် ကိုလာရောက်ပြီး အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။