Connect with us

Hi, what are you looking for?

News

အရာ​တော်နယ်တွင် ရဲကင်းသန့်ရှင်း​ရေးမလုပ်ဘဲ ထွက်​ပြေးသူကို ပျူ​စောထီးများက ပစ်သတ်

ကိုမင်းနိုင်၏ အလောင်းကို ကောက်ယူသဂြိုလ်ခွင့် မပေး​သော​ကြောင့် ရပ်ရွာရှိသက်ကြီးရွယ်အိုများက တောင်းပန်မှသာ နိုဝင်ဘာ ၂၄ ရက် နံနက်တွင် သဂြိုလ်ခွင့်ရခဲ့သည်။

အရာတော်မြို့နယ်တွင် ရဲကင်းအားသန့်ရှင်းရေးလုပ်ခိုင်းသဖြင့်ထွက်ပြေးသူကို ပျူစောထီးများက ​သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၃ ရက်က အရာတော်အရှေ့တောင်နယ် သလဲဘာကျေးရွာမှ စစ်ကောင်စီအောက်ဆွဲ ဒလန် တောင်ကြီး ဦးဆောင်သော လက်နက်ကိုင်ပျူစောထီး၂၀ ခန့်က ရွာထိပ်တွင် ဈေးဆိုင်ဖွင့်ထားသည့် ကိုမင်းနိုင်နှင့် အခြားအပြစ်မဲ့ပြည်သူတစ်ဦးကို နေအိမ်များတွင် လာရောက်ဖမ်းဆီးခဲ့သည်။

“သူတို့ကို NLD အလှည့် (မဲဆွယ်ကာလ) တုန်းကပါတယ်ဆိုပြီး ရိုက်နှက်ဖမ်းသွားတာ။ ရဲကင်းမှာ သန့်ရှင်းရေးလုပ်ခိုင်း‌တော့ ကိုမင်းနိုင်က မလုပ်နိုင်ဘူးဆိုပြီး ရဲကင်းနဲ့ ကပ်နေတဲ့ မူးမြစ်ထဲ ခုန်ချပြီး တ‌စ်ဖက်ကမ်းက ကျောက်ကုန်း ရွာကိုကူး‌ပြေးတာ။ပျူ နဲ့ စစ်ခွေးတွေ ဆိုင်ကယ်တွေနဲ့ တစ်ဖက်ကမ်းကို လိုက်ဖမ်းတော့ သောင်ပြင်မှာ မိတယ်။ သူ့ကို အဲဒီသောင်ပြင်မှာပဲ ပစ်သတ်လိုက်ကြတာ ခေါင်းတစ်ချက်၊ ဗိုက်ကိုတစ်ချက်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကိုမင်းနိုင်၏ အလောင်းကို ကောက်ယူသဂြိုလ်ခွင့် မပေး​သော​ကြောင့် ရပ်ရွာရှိသက်ကြီးရွယ်အိုများက တောင်းပန်မှသာ နိုဝင်ဘာ ၂၄ ရက် နံနက်တွင် သဂြိုလ်ခွင့်ရခဲ့သည်။

Public Service Announcement

Public Service Announcement

ကိုမင်းနိုင်ကို သတ်ဖြတ်ပြီးနောက် ပျူစောထီးနှင့် စစ်ကောင်စီတပ်သားများက ၎င်း၏ဈေးဆိုင်မှ အရက်၊ဘီယာများ အပါအဝင် တန်ဖိုးရှိပစ္စည်းများကိုလည်း လုယူသွားခဲ့ကြောင်းလည်း အရာတော်အရှေ့တောင်နယ် နေသူတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တော်လှန်ရေး အားကောင်းသည့်အရာတော်မြို့နယ်ကို အကြမ်းဖက်စစ်တပ်က နယ်မြေစိုးမိုးမှုရရှိရေးအတွက် ပျူစောထီးများအားလေ့ကျင့်ပေးခြင်းနှင့် လက်နက်များတပ်ဆင်ခြင်းကို အောက်တိုဘာကတည်းက စတင်ခဲ့သည်။

ထို့နောက် နယ်မြေကျွမ်းကျင်သည့် ပျူစောထီးများကို ဦးဆောင်စေ၍ တော်လှန်ရေးရွာအချို့ကို စစ်ကြောင်းထိုးကာ နေအိမ်များ ဖျက်ဆီးခြင်းနှင့် မီးရှို့မှုများ အပါအဝင် ပြည်သူများကို သတ်ဖြတ်မှုများ ပြုလုပ်နေသည်။

အဆိုပါဖြစ်စဥ်များအတွက် လက်တုန့်ပြန်မည်ဟု အရာတော်မြို့နယ် တော်လှန်ရေး အင်အားစု ARA ကလည်း ကြေညာထားပြီး ယမန်နေ့(နိုဝင်ဘာ ၂၃ ရက်)က ကား ၇ စီးပါသည့် စစ်ကောင်စီယာဥ်တန်းကို အရာတော်-မုံရွာ လမ်း၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးခဲ့ကြောင်းလည်း အရာတော်မြို့နယ် ဒေသခံပျောက်ကြားတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ ဂိမ်းစက် သိမ်းသွားတဲ့ ဖခင်ကို အသက် ၁၁ နှစ်အရွယ် သားဖြစ်သူက သေနတ်နဲ့ ပစ်သတ်လိုက်ကြောင်း သိရပါတယ်။