Connect with us

Hi, what are you looking for?

သတင်း

ရေဦးမှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က ပစ်သတ်ပြီး အလောင်းပြန်မပေး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

ဧပြီ−၈၊၂၀၂၆။အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

ရေဦးမြို့မရဲစခန်းက ဒုရဲမှူးမြင့်လွင်ကို မြို့အဝင်စစ်ဆေးရေးဂိတ်မှာတာဝန်ကျနေတဲ့ စစ်တပ်က ဧပြီ ၇ရက် ညနေမှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။

” ဆရာကြီးသန်းနိုင်က ပစ်တာ။ သေတာက ဒုရဲမှူးမြင့်လွင်။ အခု အလောင်းကို ရေခဲတိုက်မှာ ထားထားတယ်” လို့ ရေဦးမြို့အဝင် ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ညနေ ၆နာရီ၃၅မိနစ်ခန့်မှာ ဒုရဲမှူးမြင့်လွင်က ရဲစခန်းကနေ အရပ်ဝတ်နဲ့ ထွက်လာပြီး ကြာပန်းစစ်ဆေးရေးဂိတ်ဘက်လာစဉ် သန်းနိုင်လို့ခေါ်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က သေနတ်နဲ့ပစ်ခတ်ထားလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သန်းနိုင်ရဲ့ ရာထူးအထိအကျမသိရပေမယ့် အဲဒီဂိတ်က စစ်ကောင်စီတပ်ဖွဲ့ဝင်‌တွေက ဆရာကြီးလို့ခေါ်ကြပါတယ်။

” ရဲစခန်းနဲ့ ကြာပန်းစစ်ဆေးရေးဂိတ်က (၁)မိုင်လောက်ပဲဝေးတယ်။ သူတို့တွေ ကြောက်လန့်ပြီးအချင်းချင်းပစ်ခတ်ပုံရတယ်။ စစ်တပ်ရော ရဲတပ်ဖွဲ့ရော မြို့ထဲမှာပဲနေရဲတာ။အပြင်ကိုမထွက်ရဲဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆေးရုံအအေးခန်းမှာထားတဲ့ ဒုရဲမှူးသန်းနိုင်ရဲ့ရုပ်အလောင်းကို ရဲတပ်ဖွဲ့နဲ့မိသားစုဝင်တွေက သွားရောက်ထုတ်ယူစဉ် စစ်တပ်က တားမြစ်ထားတယ်လို့ သိရပါတယ်။

“အလောင်းကို စစ်ဆေးခွင့်မပေးဘဲ မီးရှို့သင်္ဂြိုဟ်ဖို့ လုပ်နေတယ်”လို့ ဒေသခံသတင်းရင်းမြစ်က ဒီနေ့ ဧပြီ ၈ရက် ညနေပိုင်းမှာ ပြောပါတယ်။

ရဲတပ်ဖွဲ့ဟာ တရားဥပဒေစိုးမိုးရေးတာဝန်ကိုထမ်းဆောင်ဖို့တာဝန်ရှိပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့အတူ လူထုကို ဖမ်းဆီးသတ်ဖြတ်မှုတွေကျူးလွန်နေပါတယ်။ စစ်တပ်နဲ့ရဲတပ်ဖွဲ့ လက်တွဲနေရမယ်လို့ စစ်ခေါင်းဆောင်က ထုတ်‌ပြောထားပေမယ့် လက်တွေ့မှာတော့ ရဲတပ်ဖွဲ့ကို စစ်တပ်က ၎င်းတို့ထက်နိမ့်တဲ့ လက်နက်ကိုင်အဖွဲ့အဖြစ် ဆက်ဆံပြီး ဖိနှိပ်မှုတွေပြုလုပ်နေတယ်လို့ ရဲတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ရေဦးမြို့နယ်မှာ လက်ရှိတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမယ့် စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ၊ ရှေးဦးမြို့နယ်ပတ်ဝန်းကျင်ကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook