Connect with us

Hi, what are you looking for?

သတင်း

လုံးခင်းမှာ စစ်တပ်က အရပ်သား ၂ဦးကိုပစ်သတ်

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

လုံးခင်း​ကျေးရွာအတွင်း တစ်​နေရာကိုဧပြီ ၆ ရက်က​တွေ့ရစဥ်။ဓါတ်ပုံ-Lung Jung La N

ဧပြီ-၆၊၂၀၂၆။အိမ်သွင်/People’s Spring

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွာလယ်တစ်နေရာကို စစ်တပ်စစ်ကြောင်းရောက်ရှိလာပြီး အရပ်သားတွေကို ပစ်သတ်တာလို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

“နေ့လယ်ပိုင်းဝင်ဝင်လာချင်းဒေသခံတွေကို အပြင်မထွက်ခိုင်းတော့ဘူး။ပိတ်ထားလိုက်တယ်။ ညနေကတော့ ရွှေမှော်ရှေ့နားမှာ ပစ်သတ်ပစ်တာ ၂ ယောက်။အဲ့စစ်ကြောင်းရှိနေသေးတော့ အလောင်းပြန်မရသေးဘူး”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လုံးခင်းမှာ ဧပြီလ၆ရက် မွန်းလွဲပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။စစ်သား​တွေက KIA၊KPDF ယူနီဖောင်းတွေဝတ်လာလို့ဒေသခံတွေထင်ယောင်ထင်မှားဖြစ်ပြီးပြေးလွှားချိန်မရခဲ့ဘူးလို့သိရပါတယ်။

ညနေ၆နာရီခန့်မှာလုံးခင်းသံတံတားအနီးမှာတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကိုသတိပြုကြဖို့ ဒေသခံတွေအပြင် KIA၊KPDF နဲ့နီးစပ်သူတွေကလူမှုကွန်ရက်ကတဆင့် သတိပေးနေကြပါတယ်။

ဖားကန့်မှာ ဧပြီလ ၂ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်းစစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်း ၆ခုကို KIA၊KPDFကသိမ်းယူထားပြီး စစ်ရေးဆက်လက်တင်းမာနေတာဖြစ်ပါတယ်။ဧပြီလ ၂ရက်က တိုက်ပွဲစတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့်လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့ KIA၊KPDFက သတိပေးထားပြီး စစ်ကောင်စီကလည်းလမ်းပိုင်းအချို့ကိုကန့်သတ်ထားပါတယ်။

လက်ရှိ အခြေအနေနဲ့ပတ်သက်လို့ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ ဖားကန့်မှာစစ်တပ်စစ်ကြောင်းတွေက အရပ်သားတွေကိုပစ်မှတ်ထားအကြမ်းဖက်သတ်ဖြတ်တာ​တွေအရင်ကလည်းရှိခဲ့ပါတယ်။ ဒါ​ကြောင့် စစ်ရေးတင်းမာနေချိန်မှာ ကြိုတင်ရှောင်တိမ်းဖို့၊ စစ်တပ်စစ်ကြောင်းတွေနဲ့တွေ့ရင်လမ်းပေါ်ထွက်ပြီးကြည့်တာမျိုးတွေမလုပ်ဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကိုလည်းသတိပြုဖို့ KIAကသတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊KPDF က အနီးကပ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုတွေများတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ကို စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်း ၃၀၀၀ ထပ်မံပို့မယ်လို့ သတင်းထွက်ပေါ်နေပြီး စစ်မြေပြင်ရောက်လာရင်အလင်းဝင် လက်နက်ချကြဖို့ ကချင်ဒေသကာကွယ်ရေးတပ်မတော်(KPDF)နဲ့ နီးစပ်သူတွေက သတိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၂၄ရက် နေ့လယ်ပိုင်းမှာ ရေမဆေးကျောက်ရှာသူတွေရှိနေတဲ့ မြေစာပုံပြိုကျပြီး ရေမဆေးသမား သုံးဦး ဒဏ်ရာရသွားပါတယ်။