Connect with us

Hi, what are you looking for?

News

MNDAA တပ်စခန်းကိုလာတိုက်သည့် စစ်ကောင်စီတပ် အထိနာပြီး ပြန်ဆုတ်သွား

စစ်ကောင်စီအနေဖြင့် ထိုးစစ် သုံးကြိမ်လုံး အထိနာပြီးနောက်ပြန်ဆုတ်သွားကြောင်း၊ တိုက်ပွဲတွင် MNDAA တပ်မှ တစ်ဦး ဒဏ်ရာရပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေ မသိရကြောင်း ထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသရှိ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)၏ ချင်ချိုင့်ထန်တပ်စခန်းကို စစ်ကောင်စီမှ သုံးကြိမ်တိုင်တိုင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီတပ်များ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း MNDAAက ထုတ်ပြန် သည်။

နိုဝင်ဘာ ၂၇ရက်နေ့၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲသတင်းများကို ယနေ့ နိုဝင်ဘာ ၂၉ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် စစ်အင်အားတိုးချဲ့ပြီးနောက် နိုဝင်ဘာ ၂၇ ရက်နေ့တွင် MNDAA တပ်စခန်းကို ထိုးစစ်ဆင်လာကြောင်း၊ နံနက် ၉နာရီ ခွဲတွင် စစ်ကြောင်းနှစ်ကြောင်း ခွဲပြီး ထိုးစစ်ဆင်တိုက်ခိုက်လာရာ တိုက်ပွဲ ၁နာရီကျော်ကြာ ဖြစ်ခဲ့ကြောင်း၊ နေ့လည်ပိုင်းတွင် ထပ်မံထိုးစစ်ဆင်လာပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားပြီး မွန်းလွဲ ၃နာရီခန့်၌ တတိယ အကြိမ် ထပ်မံ တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီအနေဖြင့် ထိုးစစ် သုံးကြိမ်လုံး အထိနာပြီးနောက်ပြန်ဆုတ်သွားကြောင်း၊ တိုက်ပွဲတွင် MNDAA တပ်မှ တစ်ဦး ဒဏ်ရာရပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေ မသိရကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် MNDAA တပ်ရှိရာ ဖောင်းဆိုင်၊ မန်ရန်နှင့် ရှိကျိကျ ဒေသများသို့လည်း ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။