Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ကား ၂၀ပါယာဉ်တန်းကို KIA တိုက်ခိုက်ရာ ထိခိုက်​သေဆုံးမှုရှိနိုင်ပြီး သုံးစီးပျက်စီး

KIA တပ်မဟာ(၈) တပ်ရင်း (၃၅)နယ်မြေ မိုင်းညှင်းနင့် နမ့်မား ဒေသကြားသို့ နိုဝင်ဘာ ၂၉ရက် နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်မ ကား အစီး ၂၀ နင့် စစ်အင်အား၊ စစ်အသုံးအဆောင် ပစ္စည်းမား၊ စားနပ်ရိက္ခာများ တင်ဆောင်လာပြီး စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၈) နယ်မြေအတွင်း စစ်ရေးလှုပ်ရှားလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်း ယနေ့နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှု ရှိနိုင်ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

KIA တပ်မဟာ(၈) တပ်ရင်း (၃၅)နယ်မြေ မိုင်းညှင်းနင့် နမ့်မား ဒေသကြားသို့ နိုဝင်ဘာ ၂၉ရက် နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်မ ကား အစီး ၂၀ နင့် စစ်အင်အား၊ စစ်အသုံးအဆောင် ပစ္စည်းမား၊ စားနပ်ရိက္ခာများ တင်ဆောင်လာပြီး စစ်ရေးလှုပ်ရှားလာ၍ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ယာဉ်တန်းကို တိုက်ခိုက်ရာ စစ်ကားသုံးစီးကို တိုက်ခိုက်နိုင်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီဘက်မှအကျအဆုံးရှိကြောင်း၊ အာဏာသိမ်းစစ်ကောင်စီတပ်မှ ကချင်ပြည်နယ်သို့ ခြေလျင်၊ စစ်ကား၊ သင်္ဘောများ ဖြင့် စစ်ရေးအဆက်မပြတ်လှုပ်ရှား မှုများရှိနေကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်က စစ်သင်တန်းဆင်းပွဲ လုပ်တာဟာ လုံး၀ မလုပ်သင့်တဲ့ အရာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်တပ် နေရာယူနေတဲ့ စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook