Connect with us

Hi, what are you looking for?

News

ဂန့်​ဂေါမှာ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူ ​ခြောက်ဦးကို ရက်စက်စွာသတ်ဖြတ်

ဒါ့အပြင် နိုဝင်ဘာ၂၆ရက်နေ့မှာ စစ်​ကောင်စီတပ်​တွေဟာ မောက်လင်းရွာကို ရောက်ရှိပြီး ကျွဲ၊နွားကျောင်းတဲ့ အပြစ်မဲ့ပြည်သူငါးဦးကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်။

-အကြမ်းဖက်စစ်တပ်ကို အမြစ်ပြတ်တဲ့အထိ ​တော်လှန်မယ်လို့ ဂန့်​​ဂေါ PDF ကတိပြု

ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက တစ်ပတ်အတွင်း အရပ်သားပြည်သူခြောက်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး လူသားဒိိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ဂန့်ဂေါ (PDF-GanGaw) က ဒီနေ့ ( ဒီဇင်ဘာ ၁ရက်)တွင် ထုတ်ပြန်ပါတယ်။

ပြည်သူ​တွေ အသတ်ခံရတဲ့ ဖြစ်စဥ်​တွေအနက်အကြမ်းဖက်စစ်ကောင်စီ အင်အား ၁၀၀ခန့်က ဂန့်ဂေါမြို့က​နေ မြောက်ဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာခဲ့တဲ့ နိုဝင်ဘာ၂၃ရက်မှာ စတင်ခဲ့တာပါ။

ထို​နေ့မှာပဲ စိန်ဒူးရွာအကျော်မှာ လက်နက်ကြီးများနဲ့ ယမ်းသမ်းပစ်ခတ်ရာ အုတ်ဖိုမှာ အလုပ်လုပ်နေတဲ့ အပြစ်မဲ့ ပြည်သူတစ်ဦးဖြစ်တဲ့ အသက်၅၃နှစ်အရွယ် ဦးမြို့သိန်းကို လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နိုဝင်ဘာ၂၆ရက်နေ့မှာ စစ်​ကောင်စီတပ်​တွေဟာ မောက်လင်းရွာကို ရောက်ရှိပြီး ကျွဲ၊နွားကျောင်းတဲ့ အပြစ်မဲ့ပြည်သူငါးဦးကိုလည်း ဖမ်းဆီးနှိပ်စက်ခဲ့ပါတယ်။

ထိုနေ့က မောက်လင်းရွာစာသင်ကျောင်းမှာ အိပ်ပြီး နိုဝင်ဘာ၂၇ရက် နံနက်ပိုင်းမှာ ဖမ်းဆီးခံပြည်သူငါးဦးထဲမှ အသက် ၂၁နှစ်အရွယ်ကို သားထွန်းကို ရက်စက်စွာသတ်ဖြတ်ခဲ့ပါ​သေးတယ်။

ကျန်ရှိတဲ့ အပြစ်မဲ့ပြည်သူ​လေးဦးကိုလည်း လူသားဒိုင်းအဖြစ်အသုံးပြုပြီး မောက်လင်းရွာက စစ်ရှောင်တဲ​တွေမှာရှိတဲ့ အပြစ်မဲ့ ပြည်သူ​တွေကိုလည်း လိုက်လံဖမ်းဆီးခဲ့ပါ​သေးတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၈ရက်မှာ စစ်ကောင်စီ တပ်သား​တွေဟာ တောင်တလုတ်လယ်ကွဲ-ရွာမြင်တောင်ကုန်းမှာ ဖမ်းဆီးခံ အပြစ်မဲ့ပြည်သူ​တွေထဲက အသက်၅၃နှစ်ပရွယ် ဦးလှဆောင် ၊ဦးတင်မောင်ဝင်း အသက်၄၉နှစ်၊နောင်နောင် အသက် ၃၂နှစ်နဲ့ မှိုင်းဝေ အသက်၂၈နှစ်တို့ကိုလည်း ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး အသက် ၂၂နှစ်အရွယ် ဖိုးပြူးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

လူတစ်စု ကောင်းစားရေးအတွက် အပြစ်မဲ့ပြည်သူ​တွေကို စိတ်ပါလက်ပါ သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်တပ်ရဲ့ လူမဆန်စွာသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ပြည်သူ​တွေအတွက် စစ်အာဏာရှင်စနစ်အမြစ်ပြတ်တဲ့အထိ တော်လှန်သွားမယ်လို့ ဂန့်​ဂေါ PDFက ကတိ သစ္စာပြုတယ်လို့ အသိ​ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ မိသားစုလိုက်သေဆုံးခဲ့ရတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က မနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ၃ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး လူမှုကူညီရေးလုပ်ဆောင်တဲ့အမျိုးသားတဦးအပါအဝင် ဒေသခံနှစ်ဦး မိုင်နင်းမိပြီး သေဆုံးသွားခဲ့ပါတယ်။