Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့နယ်မှာ စစ်တပ်က အရပ်သား ၃ဦး သတ်ဖြတ်

မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ၃ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မင်းတုန်းမြို့နယ်မှာ စစ်ကြောင်းထိုးတဲ့ စစ်တပ်က အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ် ထားတဲ့ နေရာကို တွေ့ရစဥ်။ ဓာတ်ပုံ - ပေးပို့

ဖေဖော်ဝါရီ-၄ ၊၂၀၂၆။ဇော်ဝင်း /People’s Spring

မကွေးတိုင်း၊မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက အရပ်သား ၃ဦး သတ်ဖြတ်သွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

မင်းတုန်းမြို့နယ်အနောက်ခြမ်းကို ဇန်နဝါရီ ၂၁ရက်ကနေ ၂၈ရက်ထိ စစ်ကြောင်းထိုးခဲ့တဲ့အလယ်ပိုင်းတိုင်းစစ်ဌာန(လပခ)လက်အောက်ခံတပ်ရင်းက သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းသတ်ဖြတ်ခဲ့တာက မင်းတုန်းမြို့နယ် သီးပင်ကုန်းကျေးရွာက (၄၄)နှစ် အရွယ် ကိုမှင် ၊အမှတ်(၃)ရပ်ကွက်က ဖိုးသား(ခ)ချစ်မင်းထိုက်နဲ့ အတည်ပြုမရသေးတဲ့ အမျိုးသား တစ်ဦးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“အရပ်သားတွေပါ စစ်ကြောင်းဝင်လာချိန် တွေ့တာမှာ ဖမ်းဆီးပြီးနှိပ်စက်သတ်ဖြတ်ခဲ့တာပါ”လို့ မင်းတုန်းမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေကို အရှင် လတ်လတ်မီးရှို့ခဲ့တာ၊ တုတ်နဲ့ မသေမချင်း နှိပ်စက် သတ်ခဲ့တာလို့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တဲ့ ဒေသခံနောက်တစ်ဦးကလည်း ပြောပါတယ်။

“လူသားဒိုင်းကာလုပ် ဖမ်းဆီးထားပြီးမှ စစ်ကြောင်းထွက်တော့ တခါတည်းသတ်သွားခဲ့တဲ့ပုံစံမျိုး”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ထန်းလေးပင်၊ပြောင်း၊သီးပင်ကုန်းနဲ့ တမာကျေးရွာတွေက နေအိမ်တွေကိုလည်း မီးရှို့တာနဲ့ ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်ခဲ့တာရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂ ရက်က မင်းတုန်းမြို့နယ်ကနေ ဆုတ်ခွာသွားပြီး အောင်လံ မြို့နယ်ဘက် ရောက်ရှိ​နေတယ်လို့ မကွေးတိုင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။