Connect with us

Hi, what are you looking for?

News

ဗကသများအဖွဲ့ချုပ်ဝင်ဟောင်း ရဲဘော်နှင်းအောင် စစ်ကောင်စီလက်ချက်ဖြင့် ကျဆုံး

ကျဆုံးသွားသော ရဲဘော်နှင်းအောင်(ခ)အောင်ဘညိုသည် ခင်းဦးမြို့နယ်ဇာတိဖြစ်ဖြစ်ပြီး ၂၀၁၆ မှ ၂၀၁၉ အထိ ဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်နှင့် တိုင်းရင်းသားရေးရာတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးြစ်သူ ရဲဘော်နှင်းအောင်(ခ)အောင်ဘညိုသည် တော်လှန် ရေးအတွက်ကြိုးပမ်းရင်း စစ်ကောင်စီ၏လက်ချက်ဖြင့် ကျဆုံးသွားကြောင်း ဗမာနိုင်ငံလုံ၏ဆိုင်ရာ ကျောင်းသားသမဂဂများအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ရဲဘော်နှင်းအောင်(ခ)အောင်ဘညိုသည် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တင်ငုတ်ကြီးကျေးရွာအနီးတွင် ယမန်နေ့(ဒီဇင်ဘာ ၃)က စစ်ကောင်စီတပ်များနှင့် ၎င်းတို့၏ လက်ပါးစေပျူစောထီးများ၏ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။

“ကိုနှင်းအောင်သည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ဖက်ဆစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးညှဉ်းပမ်း နှိပ်စက်သတ်ဖြတ်မှုကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ကျဆုံးသွားသည်”ဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကျဆုံးသွားသော ရဲဘော်နှင်းအောင်(ခ)အောင်ဘညိုသည် ခင်းဦးမြို့နယ်ဇာတိဖြစ်ဖြစ်ပြီး ၂၀၁၆ မှ ၂၀၁၉ အထိ ဗကသများအဖွဲ့ချုပ် ဗဟိုကော်မတီဝင်နှင့် တိုင်းရင်းသားရေးရာတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

Public Service Announcement

Public Service Announcement

ကျဆုံးချိန်တွင် အသက် (၂၆) နှစ်ရှိပြီဖြစ်သော ရဲဘော်နှင်းအောင်(ခ)အောင်ဘညိုသည် ​​တော်လှန်​ရေးကာလအ​စောပိုင်းက မန္တ​လေးသပိတ်အင်အားစုတွင် လည်း ကောင်း လက်နက်ကိုင်​တော်လှန်​ရေးအတွင်း ကန့်ဘလူ၊တန့်ဆည်၊ ဒီပဲယင်းစသည့်ဒေသများတွင်လည်းကောင်း တက်ကြွစွာပါဝင်ဆင်နွှဲခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။