Connect with us

Hi, what are you looking for?

News

ဘားအံဒေသတွင် ညဘက်ခရီးမထွက်ရန်နှင့် ကားမှန်ချမောင်းရန်နှင့် လူထုလိုက်နာရမည့် အချက်လေးချက် KNU ထုတ်ပြန်

KNUဘားအံမြို့နယ်မှ ပြည်သူလူထု လိုက်နာရန် ထုက်ပြန်ထားသော အချက် ​လေးမှာ ခရီးသွားလာခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာခွင့်ပြုကြောင်း၊ ၎င်းကန့်သတ်ချိန်ကို ကျော်လွန်၍ ခရီးသွားလာခွင့်မပြုကြောင်း ဖော်ပြထားသည်။

People's Spring
People's Spring

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)နယ်မြေ သထုံခရိုင် ဘားအံမြို့နယ်အတွင်း၌ ညပိုင်း ခရီးသွားလာခြင်းမပြုရန်နှင့် မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန် အပါအဝင် ပြည်သူလူထုလိုက်နာရမည့် အချက်​လေးချက်ပါသော ကြေငြာချက်ကို KNU ဘားအံမြို့နယ်က ယနေ့(ဒီဇင်ဘာ၄) ထုက်ပြန်လိုက်သည်။

KNUဘားအံမြို့နယ်မှ ပြည်သူလူထု လိုက်နာရန် ထုက်ပြန်ထားသော အချက် ​လေးမှာ ခရီးသွားလာခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာခွင့်ပြုကြောင်း၊ ၎င်းကန့်သတ်ချိန်ကို ကျော်လွန်၍ ခရီးသွားလာခွင့်မပြုကြောင်း ဖော်ပြထားသည်။

ထို့အပြင် သထုံခရိုင်-ဖားအံမြို့နယ်၊ တပ်ရင်း (၁) ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဥ်ဖြစ်သည့် ကားဖြင့်ခရီး သွားလာပါက ကားမှန်များကို ချ၍မောင်းနှင်ရန် နှင့် တတိယအချက်မှာ မော်တော်ကား၊ ဆိုင်ကယ် စက်တပ်ယာဥ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်ဆေးလိုပါက ကြည်ဖြူစွာ လက်ခံပေးရန် ဖြစ် ကြောင်း ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် အရေးပေါ် ကိစ္စရပ်များ ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များထံ ဆက်သွယ် အကြောင်းကြားရန်အချက်လည်း ကြေညာချက်၌ပါရှိသည်။

Public Service Announcement

Public Service Announcement

KNU ဘားအံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြသော ပြည်သူများအနေဖြင့် ထုက်ပြန်ကြေငြာချက်ပါ အချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဖြစ်လာမည့် နောက်ဆက်တွဲပြဿနာများကို တာဝန်ယူမည်မဟုတ်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။