ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁)နယ်မြေ သထုံခရိုင် ဘားအံမြို့နယ်အတွင်း၌ ညပိုင်း ခရီးသွားလာခြင်းမပြုရန်နှင့် မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန် အပါအဝင် ပြည်သူလူထုလိုက်နာရမည့် အချက်လေးချက်ပါသော ကြေငြာချက်ကို KNU ဘားအံမြို့နယ်က ယနေ့(ဒီဇင်ဘာ၄) ထုက်ပြန်လိုက်သည်။
KNUဘားအံမြို့နယ်မှ ပြည်သူလူထု လိုက်နာရန် ထုက်ပြန်ထားသော အချက် လေးမှာ ခရီးသွားလာခွင့်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာခွင့်ပြုကြောင်း၊ ၎င်းကန့်သတ်ချိန်ကို ကျော်လွန်၍ ခရီးသွားလာခွင့်မပြုကြောင်း ဖော်ပြထားသည်။
ထို့အပြင် သထုံခရိုင်-ဖားအံမြို့နယ်၊ တပ်ရင်း (၁) ထိန်းချုပ်နယ်မြေအတွင်း မော်တော်ယာဥ်ဖြစ်သည့် ကားဖြင့်ခရီး သွားလာပါက ကားမှန်များကို ချ၍မောင်းနှင်ရန် နှင့် တတိယအချက်မှာ မော်တော်ကား၊ ဆိုင်ကယ် စက်တပ်ယာဥ်များဖြင့် ခရီးသွားလာရာတွင် တာဝန်အရ စစ်ဆေးလိုပါက ကြည်ဖြူစွာ လက်ခံပေးရန် ဖြစ် ကြောင်း ထုတ်ပြန်သည်။
ပြည်သူများအနေဖြင့် အရေးပေါ် ကိစ္စရပ်များ ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များထံ ဆက်သွယ် အကြောင်းကြားရန်အချက်လည်း ကြေညာချက်၌ပါရှိသည်။

Public Service Announcement
KNU ဘားအံမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေကြသော ပြည်သူများအနေဖြင့် ထုက်ပြန်ကြေငြာချက်ပါ အချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဖြစ်လာမည့် နောက်ဆက်တွဲပြဿနာများကို တာဝန်ယူမည်မဟုတ်ဟုလည်း အသိပေးထားသည်။
















































