Connect with us

Hi, what are you looking for?

News

မိုင်းကြောင့် မိခင်သေဆုံးပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရသည့်ကလေးငယ်အတွက် ဝမ်းနည်းကြောင်း ယူနီဆက် ထုတ်ပြန်

သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို မိုင်းအန္တရာယ် အသိပညာပေးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိနိုင်ရေး၊ မပေါက်ကွဲသေးသော လက်နက်များ၊ လက်ရှိမိုင်းများကို ရှင်းလင်းရန်လည်း UNICEFက ဆိုသည်။

ချင်းပြည်နယ်မင်းတပ်မြို့တွင် မြေမြှုပ်မိုင်းပေါက်ကွဲပြီး မိခင်တစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၎င်း၏ နှစ်နှစ်အရွယ် သမီးငယ်မှာ ခြေလက်ဆုံးရှုံး၍ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရပြီး ကျန်ရစ်သူမိသားစုအပြင်ဘေး အန္တရာယ် ကျရောက်နေသူ အားလုံးနှင့် အတူ ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၅ရက်က မင်းတပ်မြို့ရှိ နေအိမ်ရှေ့တွင် မြေမြှုပ်မိုင်းထိ၍ ကလေးမိခင် သေဆုံးပြီး ကလေးငယ်မှာ ညာခြေဖြတ်တောက်ရခြင်းအပါအဝင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ မင်းတပ်မြို့နယ်နှင့် မင်းတပ် -မတူပီလမ်းတွင် အာဏာသိမ်းစစ်တပ်က မြေမြှုပ်မိုင်းများ ထောင်ထား၍ ဒေသခံများ ထိခိုက်ဒဏ်ရာရနေကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က ယခင်ကတည်းက ထုတ်ပြန်ထားသည်။

UNICEF၏ ထုတ်ပြန်ချက်တွင် မြေမြှုပ်မိုင်းများ အသုံးပြုခြင်းကို ချက်ချင်းရပ်တန့်ရပါမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးကို မိုင်းအန္တရာယ် အသိပညာပေးမှုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိနိုင်ရေး၊ မပေါက်ကွဲသေးသော လက်နက်များ၊ လက်ရှိမိုင်းများကို ရှင်းလင်းရန်လည်း UNICEFက ဆိုသည်။

Public Service Announcement

Public Service Announcement

ပဋိပက္ခဖြစ်ပွားနေသည့် နေရာများရှိ ကလေးသူငယ်များ ဘေးအန္တရာယ် ကင်းစေရန်နှင့် ၎င်းတို့၏ အကာအကွယ် ရပိုင်ခွင့်များကို ပံ့ပိုးပေးရန် ယူနီဆက်က တောင်းဆိုကြောင်း ဖော်ပြထားသည်။

ယူနီဆက်သည် မြေမြှုပ်မိုင်းအန္တရာယ်မှ ရှင်ကျန်ရစ်သူများကို ပံ့ပိုးရန်နှင့် မြေမြှုပ်မိုင်းများနှင့်အခြားပေါက်ကွဲစေတတ်သော လက်နက်အန္တရာယ်များအကြောင်းကို ကလေးသူငယ်များ၊ ၎င်းတို့၏ မိသားစုများနှင့် လူမှုအသိုက်အဝန်းများကို ပညာပေးရန်အတွက် မိတ်ဖက်များနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်ဟုလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မန္တလေးမြို့က ရပ်ကွက်ဓမ္မာရုံတစ်ခုမှာ လူလတ်ပိုင်းအမျိုးသမီးတွေနဲ့လူကြီးပိုင်း အမျိုးသမီးကြီးတွေ စုဝေးကာ ထိုင်နေကြတယ်။ သူတို့ဘေးနားမှာတော့ အရွယ်ကောင်း သားယောကျာ်းလေးတချို့ ကပ်ထိုင်နေတယ်။ စစ်မှုထမ်းမဲနှိုက်ဖို့အတွက် သားအမိတွေ ရောက်လာကြတာပါ။ သားတွေကော မိခင်တွေပါ မျက်နှာတွေ မကောင်းလှဘူး။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

ကလေးမလေး တစ်ဦးရဲ့ ခေါင်းကို အသာအယာ ပုတ်ခဲ့တဲ့ အဖိုးအိုတစ်ဦး အကြမ်းနည်းနဲ့ ရန်လို တုံ့ပြန်ခံခဲ့ရတဲ့ ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေကြောင်း စင်ကာပူ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။