Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရန် ကားစီးရေ ၄၀ကျော်ဖြင့် စစ်ကူပို့​နေဟု MNDAA ထုတ်ပြန်

စစ်ကောင်စီ၏ လုပ်ရပ်များသည် MNDAA နှင့် တိုက်ပွဲအကြီးအကျယ် ဖော်ဆောင်ရန် ပြင်ဆင် နေသည်ဟု သုံးသပ်မိကြောင်း MNDAAက ထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်းဒေသသို့ စစ်ကား ၄၃စီး ထပ်မံ၍ စစ်ကူပို့လာကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၇ ရက်တွင် စစ်ကောင်စီသည် စစ်ကား၂၃ စီးဖြင့် မူဆယ်မှ (၁၀၅)မိုင် သို့ချီတက်လာပြီးနောက် ဒီဇင်ဘာ ၉ရက်တွင် နမ့်ဖက်ကာမှ ၁၀၅မိုင် နှင့် ပန်ဆိုင်းဒေသသို့ စစ်ကူကား ၄၃စီး ထပ်မံ ချီတက်လာကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီ၏ လုပ်ရပ်များသည် MNDAA နှင့် တိုက်ပွဲအကြီးအကျယ် ဖော်ဆောင်ရန် ပြင်ဆင် နေသည်ဟု သုံးသပ်မိကြောင်း MNDAAက ထုတ်ပြန်သည်။

ဒီကောင်စီတပ်သည် ဒီဇင်ဘာ ၉ရက် တစ်ရက်အတွင်း MNDAA တပ်ရှိရာ မန်ရန်တပ်စခန်း နှင့် ရှိကျိကျတောင်တန်းသို့ လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် မန်ရန်တပ်စခန်းပေါ်တွင်လည်း ဒရုန်းဖြင့် ထောက်လှမ်းခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

MNDAAနှင့် စစ်ကောင်စီတပ်သည် မုံးကိုးဒေသ၌ ဇူလိုင်လကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း စစ်ကူထပ်ပို့မယ့် စစ်တပ်ရဲ့ စစ်ကားတွေ အမှတ်(၂၅)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၅) ရောက်ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။