ကရင်ပြည်နယ် ဘားအံမြို့မှာလည်း အခြားမြို့တွေနှာလိုပဲ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ Silent Strike မှာပါဝင်ခဲ့ကြပါတယ်။
Hi, what are you looking for?
“ကားတွေမရှိ၊ လူတွေမရှိ၊ ဆိုင်တွေမဖွင့်၊ ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင်ငြိမ်မယ်။ ငါတို့လှုပ်ချင်လှုပ်မယ်။” ဆိုတဲ့ ငြိမ်သက်ချင်နဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းအကျယ်လောင်ဆုံးဟစ်ကြွေးကြတဲ့ ဒီကနေ့မှာ ပြည်သူတွေရဲ့ ဆန္ဒကို မြင်တွေ့နေရတာလည်းဖြစ်ပါတယ်။
ကရင်ပြည်နယ် ဘားအံမြို့မှာလည်း အခြားမြို့တွေနှာလိုပဲ တိတ်ဆိတ်ငြိမ်သက်ခြင်းနဲ့ Silent Strike မှာပါဝင်ခဲ့ကြပါတယ်။
ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။
လိုင်စင်မဲ့ယာဉ်အများစု အသုံးပြုနေကြတဲ့ ကရင်ပြည်နယ်မြို့တော် ဘားအံမြို့မှာမတ်လ ၇ ရက်စတင်ပြီး စက်သုံးဆီဆိုင်တွေက လိုင်စင်မဲ့ယာဉ်တွေကို ဆီမရောင်းပေးတော့သလို ဆီလာဖြည့်နေတဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ စစ်ကောင်စီအဖွဲ့က ဖမ်းဆီးနေတာကြောင့် ဒေသခံတွေအတွက် အခက်များစွာကြုံနေရတယ်လို့ မြို့ခံသတင်းရင်းမြစ်က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီကကျင်းပမယ့် ရွေးကောက်ပွဲ ရက်နီးကပ်လာချိန်မှာကရင်ပြည်နယ်မြို့တော်ဘားအံမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်လာပြီး စစ်ကားတွေနဲ့ ကင်းလှည့်တာမျိုး လုပ်ဆောင်လာတယ်လို့ ကရင်သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ကရင်ပြည်နယ်၊ဘားအံမြို့ ၊မဲဘောင်မီးပွိုင့်အနီးမှာ ဖွင့်လှစ်ထားတဲ့ ဖုန်းဆိုင် မနေ့ ( နိုဝင်ဘာလ ၁၉ ရက် ) နေ့ခင်းပိုင်းက ဓားပြတိုက်ခံရပြီး ဆိုင်ဝန်ထမ်းအမျိုးသမီးတစ်ဦးသေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ ဒေသခံဆီကသိရပါတယ်။