Connect with us

Hi, what are you looking for?

LuduNwayOo

News

နေရပ်စွန့်ခွာရသူတွေထံ လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းပေးပို့တာကို စစ်ကောင်စီတားမြစ်

ပြီးခဲ့တဲ့ လပိုင်းကစပြီး စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတဲ့သူတွေအပေါ် ခရီးသွားလာခွင့်ကန့်သတ်တားမြစ်ချက်တွေကို ထုတ်ပြန်ခဲ့တာရှိတယ်လို့ HRW ရဲ့သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်ပုံ − HRW

စစ်ကောင်စီကို ကုလ နဲ့အာဆီယံ တို့ ဖိအားပေးဖို့ လူ့အခွင့်အရေးအဖွဲ့ (HRW) တိုက်တွန်း

နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေထံ အရေးတကြီးလိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုပေးပို့ တာကို စစ်ကောင်စီဟာ တားမြစ်ကန့်သတ်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW ) က ဒီနေ့မှာ ပြောလိုက်ပါတယ်။

ဒါကြောင့် အကူအညီလိုအပ်နေတဲ့သူတွေထံ ကယ်ဆယ်ရေးပစ္စည်းတွေ အမြန်ဆုံးပေးပို့ခွင့်ပြုဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ ၊ အာဆီယံ နဲ့ သက်ဆိုင်ရာနိုင်ငံတွေဟာ ဖိအား ပေးသင့်တယ်လို့ HRW က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကစပြီး စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတဲ့သူတွေအပေါ် ခရီးသွားလာခွင့်ကန့်သတ်တားမြစ်ချက်တွေကို ထုတ်ပြန်ခဲ့တာရှိတယ်လို့ HRW ရဲ့သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒါအပြင် ကူညီကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းတွေတင်ဆောင်လာတဲ့ ယာဉ်တန်းတွေကိုတားမြစ်တာ ၊ စစ်ဘက်ဆိုင်ရာအထောက်အပံ့မဟုတ်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်တာ ၊ ကယ်ဆယ်ရေးလုပ်သားတွေကိုတိုက်ခိုက်တာ ၊ဆယ်သွယ်ရေးဝန်ဆောင်မှုကို ဖြတ်တောက်တာတွေလုပ်ခဲ့တယ်လို့ HRW က ထောက်ပြထားပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်ဖြိုခွင်းတာတွေအပြင် ၊တိုက်ပွဲနဲ့လုံခြုံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေဟာ နှစ်သိန်းရှစ်သောင်းကျော် ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့အချက်အလက်တွေအရသိရပါတယ်။

ဒါအပြင် လူဦးရေ သုံးသိန်း ခုနှစ်သောင်းလောက်ဟာ ယာယီစခန်းတွေမှာ ယခင်ကတည်းက နေထိုင်နေကြရတာလည်းရှိနေပါတယ်။

တိုက်ပွဲတွေပိုပြင်းလာတာကြောင့် စစ်ကိုင်းတိုင်း ၊ချင်း ၊ ကယား ၊ကရင် ၊ရှမ်းပြည်နယ်တောင်ပိုင်း၊မွန်ဲ့ တနင်္သာ ဒေသတို့မှာ နေရပ်စွန့်ခွာရသူတွေများလာတာပဲဖြစ်ပါတယ်။

ကယားပြည်နယ် ၊ ဒီမောဆို့မြို့နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ သက်ကြီးပိုင်းဒေသခံတစ်ဦးကိုတွေ့ရစဉ်

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။