Connect with us

Hi, what are you looking for?

News

နေရပ်စွန့်ခွာရသူတွေထံ လိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းပေးပို့တာကို စစ်ကောင်စီတားမြစ်

ပြီးခဲ့တဲ့ လပိုင်းကစပြီး စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတဲ့သူတွေအပေါ် ခရီးသွားလာခွင့်ကန့်သတ်တားမြစ်ချက်တွေကို ထုတ်ပြန်ခဲ့တာရှိတယ်လို့ HRW ရဲ့သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဓာတ်ပုံ − HRW

စစ်ကောင်စီကို ကုလ နဲ့အာဆီယံ တို့ ဖိအားပေးဖို့ လူ့အခွင့်အရေးအဖွဲ့ (HRW) တိုက်တွန်း

နေရပ်စွန့်ခွာတိမ်းရှောင်ရသူတွေထံ အရေးတကြီးလိုအပ်တဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုပေးပို့ တာကို စစ်ကောင်စီဟာ တားမြစ်ကန့်သတ်ထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့ (HRW ) က ဒီနေ့မှာ ပြောလိုက်ပါတယ်။

ဒါကြောင့် အကူအညီလိုအပ်နေတဲ့သူတွေထံ ကယ်ဆယ်ရေးပစ္စည်းတွေ အမြန်ဆုံးပေးပို့ခွင့်ပြုဖို့ စစ်ကောင်စီကို ကုလသမဂ္ဂ ၊ အာဆီယံ နဲ့ သက်ဆိုင်ရာနိုင်ငံတွေဟာ ဖိအား ပေးသင့်တယ်လို့ HRW က တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းကစပြီး စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတဲ့သူတွေအပေါ် ခရီးသွားလာခွင့်ကန့်သတ်တားမြစ်ချက်တွေကို ထုတ်ပြန်ခဲ့တာရှိတယ်လို့ HRW ရဲ့သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

ဒါအပြင် ကူညီကယ်ဆယ်ရေးအထောက်အပံ့ပစ္စည်းတွေတင်ဆောင်လာတဲ့ ယာဉ်တန်းတွေကိုတားမြစ်တာ ၊ စစ်ဘက်ဆိုင်ရာအထောက်အပံ့မဟုတ်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်တာ ၊ ကယ်ဆယ်ရေးလုပ်သားတွေကိုတိုက်ခိုက်တာ ၊ဆယ်သွယ်ရေးဝန်ဆောင်မှုကို ဖြတ်တောက်တာတွေလုပ်ခဲ့တယ်လို့ HRW က ထောက်ပြထားပါသေးတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်ဖြိုခွင်းတာတွေအပြင် ၊တိုက်ပွဲနဲ့လုံခြုံရေးအခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေဟာ နှစ်သိန်းရှစ်သောင်းကျော် ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးရဲ့အချက်အလက်တွေအရသိရပါတယ်။

ဒါအပြင် လူဦးရေ သုံးသိန်း ခုနှစ်သောင်းလောက်ဟာ ယာယီစခန်းတွေမှာ ယခင်ကတည်းက နေထိုင်နေကြရတာလည်းရှိနေပါတယ်။

တိုက်ပွဲတွေပိုပြင်းလာတာကြောင့် စစ်ကိုင်းတိုင်း ၊ချင်း ၊ ကယား ၊ကရင် ၊ရှမ်းပြည်နယ်တောင်ပိုင်း၊မွန်ဲ့ တနင်္သာ ဒေသတို့မှာ နေရပ်စွန့်ခွာရသူတွေများလာတာပဲဖြစ်ပါတယ်။

ကယားပြည်နယ် ၊ ဒီမောဆို့မြို့နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ သက်ကြီးပိုင်းဒေသခံတစ်ဦးကိုတွေ့ရစဉ်

ဆက်စပ်သတင်းများ

ဆောင်းပါး

အခုတလော မလေးရှားအစိုးရကထိန်းသိမ်းရေးစခန်းတွေမှာဖမ်းဆီးထားတဲ့ စာရွက်စာတမ်းမဲ့ မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်အနက်၅,၀၀၀ ခန့်ကိုမြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေတယ်ဆိုတဲ့သတင်းကြောင့်ဖမ်းဆီးခံထားရသူတွေနဲ့ အပြင်မှာ ကျန်ရှိနေတဲ့မိသားစုဝင်တွေရဲ့ရင်ကို ပူလောင်စေပြီး၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာ နေပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။