Connect with us

Hi, what are you looking for?

News

လေးကေ့ကော်​ဒေသ စစ်ရှောင်ပြည်သူများကို နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးရန် ထိုင်းအစိုးရနှင့် နိုင်ငံတကာကို NUG မေတ္တာရပ်ခံ

လေးကေ့ကော်ရှိ အရပ်သားများကို မြန်မာစစ်တပ်က ဖမ်းဆီးခြင်းသည် စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများဆက်လက်ကျူးလွန်နေမှုများ၏ နောက်ထပ်ဥပမာဖြစ်ကြောင်းလည်း NUGက ဆိုသည်။

(မဲ​ဆောက်မြို့နယ်သို့ ​ရောက်ရှိလာ​သော မြန်မာစစ်​ရှောင်များကို ထိုင်းစစ်တပ်က ​နေရာချထား​နေစဥ်)

လေးကေ့ကော်​ဒေသရှိ စစ်ဘေးရှောင်ပြည်သူများကို နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးရန် ထိုင်းအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အရေးပေါ် မေတ္တာရပ်ခံစာပေးပို့ကြောင်း ယနေ့(ဒီဇင်ဘာ ၁၇ရက်) ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၆ ရက်စွဲဖြင့် ပေးပို့သော မေတ္တာရပ်ခံစာ၌ ကရင်ပြည်နယ်၊ လေးကေ့ကော်မှ နေရပ်တိမ်း ရှောင်လာသူများကို ထိုင်းအစိုးရက နယ်စပ်တလျှောက် တတ်နိုင်သမျှ လုံခြုံမှုပေးရန်၊ ခိုလှုံခွင့်ပေးရန် အရေးပေါ်တောင်းဆိုကြောင်း ထည့်သွင်းဖော်ပြ သည်။

(မဲ​ဆောက်မြို့နယ်သို့ ​ရောက်ရှိလာ​သော မြန်မာစစ်​ရှောင်များကို ထိုင်းစစ်တပ်က ​နေရာချထား​နေစဥ်)

အဆိုပါ လေးကေ့ကော်ပြည်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ NUG သည် ထိုင်းအစိုးရ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ဆွေးနွေးညှိနှိုင်းရန် အဆင်သင့်ရှိကြောင်း လည်း ထုတ်ပြန်သည်။

Public Service Announcement

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လေးကေ့ကော်မှ နေရပ်တိမ်းရှောင်လာသူများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်ပေးရန် NUG က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

(မဲ​ဆောက်မြို့နယ်သို့ ​ရောက်ရှိလာ​သော မြန်မာစစ်​ရှောင်များကို ထိုင်းစစ်တပ်က ​နေရာချထား​နေစဥ်)

ထို့အပြင် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများတိုးမြှင့်မလာရေး နိုင်ငံတကာအသိုင်းအဝိုင်းကို အလေးအနက်တောင်းဆိုကြောင်း NUG က ဖော်ပြသည်။

မြန်မာစစ်တပ်သည် ဒီဇင်ဘာ ၁၄ ရက်တွင် KNU/KNLA ထိန်းချုပ်နယ်မြေဖြစ်သည့် လေးကေ့ကော်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်အပါအဝင် ၃၀ မှ ၆၀ ဦးအကြား ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းမှစတင်ကာ ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

လေးကေ့ကော်ရှိ အရပ်သားများကို မြန်မာစစ်တပ်က ဖမ်းဆီးခြင်းသည် စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများဆက်လက်ကျူးလွန်နေမှုများ၏ နောက်ထပ်ဥပမာဖြစ်ကြောင်းလည်း NUGက ဆိုသည်။

ထို့အပြင် လေးကေ့ကော်ဖြစ်စဉ်သည် မြန်မာပြည်သူများ အထူးသဖြင့် ကရင်နှင့် အခြားသော တိုင်းရင်းသားများက စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ငြင်းပယ်ကြောင်းကို ညွှန်ပြနေခြင်းဖြစ်သည်ဟု NUGက ဖော်ပြသည်။

လေးကေ့ကော်ဒေသတိုက်ပွဲကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့နယ်သို့ ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင် အရေအတွက်မှာ ယနေ့ (ဒီဇင်ဘာ၁၇)အထိ ၂,၅၀၃ ဦးရှိ​ကြောင်း ကရင်အမျိုးသားမီဒီယာက အသိ​ပေးထား သည်။

က​လေးငယ် ၇၈၉ဦး အပါအဝင် အမျိုးသား ၈၀၄ဦးနှင့် အမျိုးသမီး ၉၁၀ဦးတို့ဖြစ်​သည်။

၎င်းတို့အတွက် အ​ထောက်အပံ့ပစ္စည်းများလည်း အ​ရေး​ပေါ်လိုအပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။