Connect with us

Hi, what are you looking for?

News

လေးကေ့ကော်​ဒေသ စစ်ရှောင်ပြည်သူများကို နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးရန် ထိုင်းအစိုးရနှင့် နိုင်ငံတကာကို NUG မေတ္တာရပ်ခံ

လေးကေ့ကော်ရှိ အရပ်သားများကို မြန်မာစစ်တပ်က ဖမ်းဆီးခြင်းသည် စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများဆက်လက်ကျူးလွန်နေမှုများ၏ နောက်ထပ်ဥပမာဖြစ်ကြောင်းလည်း NUGက ဆိုသည်။

(မဲ​ဆောက်မြို့နယ်သို့ ​ရောက်ရှိလာ​သော မြန်မာစစ်​ရှောင်များကို ထိုင်းစစ်တပ်က ​နေရာချထား​နေစဥ်)

လေးကေ့ကော်​ဒေသရှိ စစ်ဘေးရှောင်ပြည်သူများကို နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးရန် ထိုင်းအစိုးရထံ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အရေးပေါ် မေတ္တာရပ်ခံစာပေးပို့ကြောင်း ယနေ့(ဒီဇင်ဘာ ၁၇ရက်) ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၆ ရက်စွဲဖြင့် ပေးပို့သော မေတ္တာရပ်ခံစာ၌ ကရင်ပြည်နယ်၊ လေးကေ့ကော်မှ နေရပ်တိမ်း ရှောင်လာသူများကို ထိုင်းအစိုးရက နယ်စပ်တလျှောက် တတ်နိုင်သမျှ လုံခြုံမှုပေးရန်၊ ခိုလှုံခွင့်ပေးရန် အရေးပေါ်တောင်းဆိုကြောင်း ထည့်သွင်းဖော်ပြ သည်။

(မဲ​ဆောက်မြို့နယ်သို့ ​ရောက်ရှိလာ​သော မြန်မာစစ်​ရှောင်များကို ထိုင်းစစ်တပ်က ​နေရာချထား​နေစဥ်)

အဆိုပါ လေးကေ့ကော်ပြည်သူများ၏ လိုအပ်ချက်များကို တုံ့ပြန်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ NUG သည် ထိုင်းအစိုးရ၊ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ဆွေးနွေးညှိနှိုင်းရန် အဆင်သင့်ရှိကြောင်း လည်း ထုတ်ပြန်သည်။

Public Service Announcement

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် လေးကေ့ကော်မှ နေရပ်တိမ်းရှောင်လာသူများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီနှင့် တုံ့ပြန်ဆောင်ရွက်မှုများကို ဆောင်ရွက်ပေးရန် NUG က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

(မဲ​ဆောက်မြို့နယ်သို့ ​ရောက်ရှိလာ​သော မြန်မာစစ်​ရှောင်များကို ထိုင်းစစ်တပ်က ​နေရာချထား​နေစဥ်)

ထို့အပြင် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများတိုးမြှင့်မလာရေး နိုင်ငံတကာအသိုင်းအဝိုင်းကို အလေးအနက်တောင်းဆိုကြောင်း NUG က ဖော်ပြသည်။

မြန်မာစစ်တပ်သည် ဒီဇင်ဘာ ၁၄ ရက်တွင် KNU/KNLA ထိန်းချုပ်နယ်မြေဖြစ်သည့် လေးကေ့ကော်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလင်းအောင်အပါအဝင် ၃၀ မှ ၆၀ ဦးအကြား ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းမှစတင်ကာ ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

လေးကေ့ကော်ရှိ အရပ်သားများကို မြန်မာစစ်တပ်က ဖမ်းဆီးခြင်းသည် စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် ရက်စက်ယုတ်မာမှုများဆက်လက်ကျူးလွန်နေမှုများ၏ နောက်ထပ်ဥပမာဖြစ်ကြောင်းလည်း NUGက ဆိုသည်။

ထို့အပြင် လေးကေ့ကော်ဖြစ်စဉ်သည် မြန်မာပြည်သူများ အထူးသဖြင့် ကရင်နှင့် အခြားသော တိုင်းရင်းသားများက စစ်ကောင်စီ၏ အုပ်ချုပ်မှုကို ငြင်းပယ်ကြောင်းကို ညွှန်ပြနေခြင်းဖြစ်သည်ဟု NUGက ဖော်ပြသည်။

လေးကေ့ကော်ဒေသတိုက်ပွဲကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့နယ်သို့ ရောက်ရှိနေသည့် မြန်မာစစ်ဘေးရှောင် အရေအတွက်မှာ ယနေ့ (ဒီဇင်ဘာ၁၇)အထိ ၂,၅၀၃ ဦးရှိ​ကြောင်း ကရင်အမျိုးသားမီဒီယာက အသိ​ပေးထား သည်။

က​လေးငယ် ၇၈၉ဦး အပါအဝင် အမျိုးသား ၈၀၄ဦးနှင့် အမျိုးသမီး ၉၁၀ဦးတို့ဖြစ်​သည်။

၎င်းတို့အတွက် အ​ထောက်အပံ့ပစ္စည်းများလည်း အ​ရေး​ပေါ်လိုအပ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပေါ် ထားရှိသည့် သဘောထားကို နိုင်ငံအတာအနေဖြင့် ဆန်းစစ်သုံးသပ်ရန်လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

မေးမြန်းခန်း

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်မေးမြန်းခန်း သော်မွန်/People’s Spring တော်လှန်ရေးကာလ ၄နှစ်ကျော်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်ဟာ ဧပြီ ၁၇ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ လူချင်းတွေ့ဆုံခဲ့ပြီး...

သတင်း

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီနေ့ ညနေပိုင်း တွေ့ဆုံခဲ့ပြီး မနက်ဖြန်(ဧပြီ ၁၈ရက်)မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ အသိပေးပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အနေဖြင့် ဘဏ္ဍာရန်ပုံငွေ၏ ၉၄ ရာခိုင်နှုန်းကို စစ်ရေးကဏ္ဍတွင် အသုံးပြုခဲ့ကြောင်း NUGက အသိပေး ထုတ်ပြန်သည်။

Facebook