Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဲခူးတွင် လွှတ်တော်ကိုယ်စားလှယ်၏ နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

“ချိတ်ပိတ်တာကတော့ မနေ့(ဒီဇင်ဘာ ၁၆)က တစ်ရက်တည်းမှာပဲ အိမ်နှစ်လုံးစလုံးကို ပိတ်သွားတာပါ။ အိမ်တွေက လူမနေတော့ ကြာပါပြီ”ဟု ပဲခူးဒေသခံတစ်ဦးက ပြောသည်။

ပဲခူးမြို့ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇေလတ်၏နေအိမ်ကို အကြမ်းဖက် စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်၏နေအိမ်ကို ယမန်နေ့(ဒီဇင်ဘာ ၁၆)တွင် စစ်ကောင်စီက စတင်ချိတ်ပိတ်လိုက်ခြင်းဖြစ်ပြီး တဆက်တည်းတွင် ပဲခူး​​မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကျန်းမာရေးဝန်ကြီးလည်းဖြစ်သည့် ဒေါက်တာရွှေပုံ၏နေအိမ်ကိုပါ ချိတ်ခဲ့ခြင်း ဖြစ်သည်။

“ချိတ်ပိတ်တာကတော့ မနေ့(ဒီဇင်ဘာ ၁၆)က တစ်ရက်တည်းမှာပဲ အိမ်နှစ်လုံးစလုံးကို ပိတ်သွားတာပါ။ အိမ်တွေက လူမနေတော့ ကြာပါပြီ”ဟု ပဲခူးဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီမှ နွေဦးတော် လှန်ရေးနှင့်ဆက်နွှယ်သည့် အရပ်သားပြည်သူများ၏နေအိမ်နှင့် အဆောက်အအုံများကို ချိတ်ပိတ်ခြင်း၊ ၂၀၂၀ ရွေးကောင်ပွဲအနိုင်ရNLD လွှတ်တော်ကိုယ်စားများ၏နေအိမ်များကို ချိတ်ပိတ်ခြင်း၊ PDF တပ်ဖွဲ့ဝင်များ၏နေအိမ်ကို ချိတ်ပိတ်ခြင်းများအား ဆက်တိုက်လုပ်ဆောင်လျှက်ရှိသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် စသည့်ဝန်ကြီးများ၏ နေအိမ်များကို ချိတ်ပိတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။