Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်အနီး စစ်ကောင်စီတပ်စခန်းကို KNU ပူးပေါင်းအဖွဲ့ စခန်းသိမ်းတိုက်ခိုက်၊ လက်နက်အချို့ရ

“အထိအခိုက်တော့ သတင်းမရသေးဘူး။ စခန်းတက်သိမ်းပြီးတော့ လက်နက်တချို့ရတယ်”ဟု ၎င်း ကဆို သည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ နေရာယူထားသည့် လေးကေ့ကော်ဒေသရှိ မေတ္တာလင်းမြိုင် တပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က ယနေ့(ဒီဇင်ဘာ၁၉) စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ နေ့လည်ပိုင်း၌ ယင်းစခန်းကို ထိန်းထားနိုင်ပြီ ဖြစ် ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

“လေးကေ့ကော်က တိုက်ပွဲတွေဆက်ဖြစ်နေတုန်း။ လေးကေ့ကော်ဘေးနားက မေတ္တာလင်းမြိုင်စခန်းဘက်မှာ။ သူတို့စခန်းကို ကျွန်တော်တို့ အဖွဲ့က တက်ထိန်းလိုက်ပြီ” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို KNU၊ ကရင်အမျိုသားကာကွယ် ရေးတပ်ဖွဲ့(KNDO)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

“အထိအခိုက်တော့ သတင်းမရသေးဘူး။ စခန်းတက်သိမ်းပြီးတော့ လက်နက်တချို့ရတယ်”ဟု ၎င်း ကဆို သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ လေးကေ့ကော်ဒေသရှိ မယ်ထော်သလေး ရွာ စာသင်ကျောင်းအနီး မီးလောင်နေသည်ဟု စစ်မြေပြင်ရောက် တပ်ဖွဲ့ဝင် တစ်ဦးက ယနေ့ တိုက်ပွဲအခြေအနေကို လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

KNUနယ်မြေ လေးကေ့ကော်မြို့သစ်သို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပြီး အဆိုပါဒေသ၌ ခိုလှုံနေသူများကို ဖမ်းဆီးခြင်းကြောင့် ဒီဇင်ဘာ ၁၅ရက်မှစ၍ ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားပြီး ဖမ်းဆီးခံထားရသူ ၈ဦးထက်မနည်းရှိသည်။ PDF တပ်ဖွဲ့ဝင် အချို့လည်း ကျဆုံးခဲ့သည်။

ဓာတ်ပုံ – KIC

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။