Connect with us

Hi, what are you looking for?

News

ကရင်ပြည်နယ်နှင့် နိုင်ငံတလွှားက စစ်တပ်၏ ဆင်ခြင်မဲ့တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် အီးယူနှင့် သံရုံး ၁၆ခု ပူးတွဲတိုက်တွန်း

စစ်တပ်၏ အဆင်အခြင်မဲ့ တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသောပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခုအခါ ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများလည်း အရေးပေါ် လိုအပ်နေကြောင်း ထုတ်ပြန်ဖော်ပြသည်။

ယမန်​နေ့ညတွင် အကြမ်းဖက်စစ်​ကောင်စီက ​​လေယာဥ်ဖြင့် ပစ်ခတ်မှု​ကြောင့် ​လေး​ကေ့​ကော်​ဒေသရှိ လူ​နေအိမ်များ ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - ကိုရဲမင်း (AAC)

အကြမ်းဖက်စစ်တပ်က ကရင်ပြည်နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း အပါအဝင် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ပြီး ယင်းလုပ် ရပ်ကို ရပ်တန့်ရမည်ဟု အီးယူနှင့် သံရုံး ၁၆ ခုတို့က ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

စစ်အာဏာရှင်အနေဖြင့် ကရင်ပြည်နယ်နှင့် နိုင်ငံတလွှားက အဆင်အခြင်မဲ့တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာထားရှိရန် နိုင်ငံတကာသံရုံးများ၏ ယနေ့(ဒီဇင်ဘာ ၂၄ ရက်)ပူးတွဲကြေညာချက်၌ တိုက်တွန်းထားသည်။

ယမန်​နေ့ညတွင် အကြမ်းဖက်စစ်​ကောင်စီက ​​လေယာဥ်ဖြင့် ပစ်ခတ်မှု​ကြောင့် ​လေး​ကေ့​ကော်​ဒေသရှိ လူ​နေအိမ်များ ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – ကိုရဲမင်း (AAC)

ယင်းပူးတွဲကြေညာချက်ကို သြစတြေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး၊ ချက်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်၊ နယူးဇီလန်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေ၊ အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ခြင်းဖြစ်သည်။

စစ်တပ်၏ အဆင်အခြင်မဲ့ တိုက်ခိုက်မှုများကြောင့် ထောင်နှင့်ချီသောပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး ယခုအခါ ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများလည်း အရေးပေါ် လိုအပ်နေကြောင်း ထုတ်ပြန်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယမန်​နေ့ညတွင် အကြမ်းဖက်စစ်​ကောင်စီက ​​လေယာဥ်ဖြင့် ပစ်ခတ်မှု​ကြောင့် ​လေး​ကေ့​ကော်​ဒေသရှိ လူ​နေအိမ်များ ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – ကိုရဲမင်း (AAC)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ နိုဝင်ဘာလ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ အကူအညီလိုအပ်နေသည့် ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံပြီး အတားအဆီးအဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အပြည့်အ၀ကာကွယ်စောင့်ရှောက်ပေးပြီး ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ထပ် တူတောင်းဆိုကြောင်း ဖော်ပြသည်။

ထို့အပြင် စစ်အာဏာရှင်၏ နိုင်ငံတစ်ဝန်း ကျူးလွန်ထားသော ပြင်းထန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို သံရုံးများကရှုတ်ချကြောင်း ထပ်မံအသိပေးပြောကြားသည်။

ယမန်​နေ့ညတွင် အကြမ်းဖက်စစ်​ကောင်စီက ​​လေယာဥ်ဖြင့် ပစ်ခတ်မှု​ကြောင့် ​လေး​ကေ့​ကော်​ဒေသရှိ လူ​နေအိမ်များ ပျက်စီး​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – ကိုရဲမင်း (AAC)

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။