Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်က ဖရူဆို​ဒေသခံ ၃၅ဦးကို မီးရှို့သတ်ဖြတ်

ဒီဇင်ဘာ၂၄ ရက် မွန်းလွဲပိုင်းအတွင်း ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ မီးရှို့ခဲ့ကြောင်း KNDFက ဆိုသည်။

▪️အသတ်ခံရသူများတွင် က​လေးငယ်များ၊ အမျိုးသမီးငယ်များ ပါဝင်ဟု KNDFထုတ်ပြန်

ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ​ဒေသခံပြည်သူ ၃၅ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်တပ် (KNDF)က ယနေ့(ဒီဇင်ဘာ၂၅) ထုတ်ပြန်သည်။

ဒီဇင်ဘာ၂၄ ရက် မွန်းလွဲပိုင်းအတွင်း ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ မီးရှို့ခဲ့ကြောင်း KNDFက ဆိုသည်။

အသတ်ခံရသည့် သူများတွင် ကလေးငယ်များ၊မိန်းကလေးငယ်များနှင့် အမျိုးသမီးများပါဝင်သည်။

Public Service Announcement

Public Service Announcement

သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိခြင်းကြောင့် မည်သူ၊မည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။

အသတ်ခံရသောပြည်သူများမှာ စစ်ရှောင်ရင်းလမ်းခုလပ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ရက်စက်စွာသတ်ဖြတ်ခံရခြင်း ဖြစ်သည်ဟု ဆို သည်။

အကြမ်းဖက်စစ် ကောင်စီတပ်များ၏ အပြစ်မဲ့ပြည်သူများကို အစုလိုက်အပြုံလိုက် အကြောင်းမဲ့သတ်ဖြတ်မှုသည် လူသားများအပေါ်ကျူးလွန်သောရာဇဝတ်မှုဖြစ်သည်။

ထို့အပြင် ဒီဇင်ဘာ၂၄ ရက်​ ​မွန်းလွဲပိုင်းကလည်း ဖရူဆိုမြို့နယ် မိုဆို​ကျေးရွာအနီးတွင် အကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့မှ BGF (၁၀၀၄)တပ်မှ တပ်ဖွဲ့၀င်​ ​လေးဦးကို ​နောက်ပြန်ကြိုးတုပ်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းအတွင်း တိုက်ပွဲတွေမှာ PDF ရဲဘော် စစ်သုံ့ပန်းတွေကို ဖမ်းမိပါက အရှင်မထားဘဲ လည်လှီးသတ်ဖြတ်တာ၊ မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ကြောင်း အာဏာသိမ်းစစ်တပ်ရဲ့ တပ်ကြပ်ကြီး ဘုန်းမြင့်နိုင်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သမင်ခြံရွာကို ဝင်ရောက်ခဲ့တဲ့ စစ်တပ်စစ်ကြောင်းဟာ ဒေသခံ အမျိုးသား၁၀ဦးကို ဖမ်းဆီးသွားပြီး အခုအထိ ဖမ်း‌ဆီးခံရသူတွေရဲ့သတင်းအစအန ပျောက်နေတယ်လို့ ဒေသခံတွေ‌က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့ကို ဝင်ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ လူငယ်နဲ့ လူလတ်ပိုင်း ၂၀ ကျော်ကို မေလ ၁၄ရက်မှာ ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ် နဲ့ ကချင်ပြည်နယ်အစပ် KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့မဘိမ်းမြို့နယ်အတွင်းတိုက်ပွဲ တွေဖြစ်လာနိုင်တာကြောင့်တပါတ်အတွင်း ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ကချင်လွတ်လပ်ရေးတပ်မတော်( KIA)က သတိပေးထားတယ်လို့ ဒေသခံ​တွေက​ပြောပါတယ်။