Connect with us

Hi, what are you looking for?

News

ဗကသများအဖွဲ့ချုပ် ရဲ့ ဒုတိယဥက္ကဋ္ဌ ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်၊ ၁ လချ

ကိုဝေယံဖြိုးမိုးဟာ ကမာရွတ်မြို့နယ် တရားရုံးနဲ့ မရမ်းကုန်းမြို့နယ်တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတာတွေရှိနေသေးပါတယ်။

၁၀ နီးပါးဖမ်းဆီးချုပ်နှောင်ထားပေမယ့် အမိန့်ချရာမှာ ချုပ်ရက်ခံစားခွင့်မပေး

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို စစ်ကောင်စီဟာ ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ၊ ၁ လချလိုက်တယ်လို့သိရပါတယ်။

ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အပါအဝင် ငြိမ်းစုစီပုဒ်မတွေနဲ့ ထောင်ချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ချုပ်ရက်ခံစားခွင့်မပေးဘူးလို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ကိုဝေယံဖြိုးမိုးဟာ ကမာရွတ်မြို့နယ် တရားရုံးနဲ့ မရမ်းကုန်းမြို့နယ်တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတာတွေရှိနေသေးပါတယ်။

ကိုဝေယံဖြိုးမိုးဟာ မတ်လအတွင်းက တာမွေသပိတ်အကြမ်းဖက်ဖြိုခွဲခံရပြီး ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဧပြီ – ၁၇ ၊၂၀၂၆ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်ထောင်ဒဏ် ၂၇ နှစ်ထဲက ခြောက် ပုံ တစ် ပုံလောက်ပဲ အာဏာသိမ်း စစ်တပ်က လျှော့ချပေးလိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့...

သတင်း

ဆဲဗင်းဇူလိုင် ၆၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချင်းမိုင်မြို့ရှိထိုင်းနိုင်ငံဆိုင်ရာမြန်မာကောင်စစ်ဝန်ရုံးရှေ့၌ "Long Live Students’ Revolution" စာသားပါဘန်နာကို ထိုင်းရှိ ဗသကရဲဘော်များက ချိတ်ဆွဲခဲ့​ကြောင်းထုတ်ပြန်သည်။