Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗကသများအဖွဲ့ချုပ် ရဲ့ ဒုတိယဥက္ကဋ္ဌ ကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်၊ ၁ လချ

ကိုဝေယံဖြိုးမိုးဟာ ကမာရွတ်မြို့နယ် တရားရုံးနဲ့ မရမ်းကုန်းမြို့နယ်တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတာတွေရှိနေသေးပါတယ်။

၁၀ နီးပါးဖမ်းဆီးချုပ်နှောင်ထားပေမယ့် အမိန့်ချရာမှာ ချုပ်ရက်ခံစားခွင့်မပေး

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ( ဗကသ) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးကို စစ်ကောင်စီဟာ ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ၊ ၁ လချလိုက်တယ်လို့သိရပါတယ်။

ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အပါအဝင် ငြိမ်းစုစီပုဒ်မတွေနဲ့ ထောင်ချလိုက်တာလို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ချုပ်ရက်ခံစားခွင့်မပေးဘူးလို့လည်းသိရပါတယ်။

Public Service Announcement

Public Service Announcement

ကိုဝေယံဖြိုးမိုးဟာ ကမာရွတ်မြို့နယ် တရားရုံးနဲ့ မရမ်းကုန်းမြို့နယ်တရားရုံးတွေမှာ အမှုရင်ဆိုင်နေရတာတွေရှိနေသေးပါတယ်။

ကိုဝေယံဖြိုးမိုးဟာ မတ်လအတွင်းက တာမွေသပိတ်အကြမ်းဖက်ဖြိုခွဲခံရပြီး ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။

သတင်း

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဗကသများအဖွဲ့ချုပ်၏ ရဲဘော် ၁၇ဦးအထိကျဆုံးခဲ့ရသော်လည်း ဒီမိုကရေစီတော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ၎င်းက ပြောသည်။

သတင်း

ဖမ်းဆီးသတ်ဖြတ်ခံရသည့် အရေအတွက်ကိုမူ အသိပေးထားခြင်း မရှိပေ။ထို့အပြင် ဖြစ်စဉ်ကိုစုံစမ်းနေပြီး အသေးစိတ် ဆက်လက်ထုတ်ပြန်သွားမည်ဟု သိရသည်။

သတင်း

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။