Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထောင်ဒဏ် လေးနှစ်ခွဲသာလျော့ပေး

ဧပြီ – ၁၇ ၊၂၀၂၆

မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်ထောင်ဒဏ် ၂၇ နှစ်ထဲက ခြောက် ပုံ တစ် ပုံလောက်ပဲ အာဏာသိမ်း စစ်တပ်က လျှော့ချပေးလိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ ကျရောက်တဲ့ ဧပြီ ၁၇ ရက်နေ့မှာ အကျဉ်းကျနေသူတွေကို စစ်တပ်က လွှတ်ပေးခဲ့ပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်လည်း လွတ်မြောက်ခွင့် ရလာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူကျခံနေရတဲ့ ပြစ်ဒဏ်ထဲက လေး နှစ်ခွဲကိုသာ စစ်တပ်က လျှော့ပေါ့ပေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ရှေ့နေက Reutersဆီကို ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ဒဏ်အစား နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ သတ်မှတ်ခံရမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး အဲဒီ လျှော့ပေါ့ထားတဲ့ ပြစ်ဒဏ်ကာလက နေအိမ်မှာ အချုပ်အနှောင်နဲ့ နေထိုင်ရမှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အသက် ၈၀ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းချိန်မှာ သမ္မတ ဦးဝင်းမြင့် အပါအဝင် အရပ်သားအစိုးရ အရာရှိ အများအပြားနဲ့အတူ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက် အဂတိမှု၊ ဆူပူလှုံ့ဆော်မှု၊ ရွေးကောက်ပွဲ မသမာမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ချိုးဖောက်မှုစတဲ့ စစ်တပ်ရဲ့ တစ်ဖက်သတ် စွဲချက်တွေနဲ့ ကြုံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ်ချထားပြီး ၂၀၂၃ ခုနှစ်အတွင်းမှာတော့ ခြောက်နှစ်လျော့ပေးတဲ့အတွက် ၂၇ နှစ်ကျန်ရှိနေတာပါ။

ဒါပေမဲ့ပြည်တွင်းပြည်ပ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကတော့ အဲဒီ ပြစ်ဒဏ်ချမှတ်မှုတွေဟာ မမှန်ကန်ဘဲ စစ်တပ်က နိုင်ငံရေးအရ စွပ်စွဲလုပ်ကြံခြင်း သက်သက်သာ ဖြစ်ကြောင်း ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းချ ခံထားရတဲ့ ကာလအတွင်း မိသားစု၊ ရှေ့နေတွေနဲ့ တွေ့ဆုံခွင့် မရခဲ့သလို သူ့ကို ဘယ်မှာထိန်းသိမ်းထားသလဲ ဆိုတာကိုတောင် စစ်တပ်က လျှို့ဝှက်ထားခဲ့ပါတယ်။

ကိုးကား – Reuters၊ဓာတ်ပုံ – Chair NLD

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”