Connect with us

Hi, what are you looking for?

LuduNwayOo

News

၂၀၂၂ အတွင်း နိုင်ငံရဲ့ ကဏ္ဍစုံမှာ ဘယ်လောက်ထိဆုတ်ယုတ်မှုတွေရှိလာမလဲ

နှစ်သစ် ၂၀၂၂ မှာ အကူအညီအများဆုံးလိုအပ်မယ့် ကဏ္ဍကတော့ စားနပ်ရိက္ခာ ဖြစ်ပြီး အကူအညီလိုအပ်မယ့်လူဦးရေက ၁၃ သန်းကျော်လောက် ရှိနေပါတယ်။

ကပ်ရောဂါကို ရင်ဆိုင်နေရချိန်မှာပဲ စစ်အာဏာသိမ်းမှုပါကြုံခဲ့ရပြီး ကဏ္ဍစုံနိမ့်ကျသွားတဲ့မြန်မာနိုင်ငံမှာ လာမယ့် ၂၀၂၂ ခုနှစ် အတွင်း ဆင်းရဲမွဲတွေသွားမယ့် လူဦးရေဟာ ၂၅ သန်းရှိလာမယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုညှိနှိုင်းရေးရုံး(UNOCHA) က ခန့်မှန်းလိုက်ပါတယ်။

နိုင်ငံရဲ့စုစုပေါင်းလူဦးရေက ၅၄ သန်းကျော်ရှိတာဖြစ်လို့ နိုင်ငံသူနိုင်ငံသားထက်ဝက်နီးပါးက ဆင်းရဲမွဲတေမှုအခြေအနေနဲ့ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။

အဲဒီ ၂၅ သန်းအနက် ၁၄ သန်းကျော်သောပြည်သူတွေဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်လာလိမ့်မယ်လို့လည်း ပြောထားပါတယ်။

၂၀၂၂ အတွက် UNOCHA ရဲ့ခန့်မှန်းမှုအရ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေလိုအပ်လာမယ့် လူဦးရေ ၁၄ သန်းကျော်မှာ အရွယ်ရောက်ပြီးအသက်အရွယ်အုပ်စုက အများဆုံးပါဝင်နေတာကိုတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ပါဝင်နေတာဖြစ်ပါတယ်။

နှစ်သစ် ၂၀၂၂ မှာ အကူအညီအများဆုံးလိုအပ်မယ့် ကဏ္ဍကတော့ စားနပ်ရိက္ခာ ဖြစ်ပြီး အကူအညီလိုအပ်မယ့်လူဦးရေက ၁၃ သန်းကျော်လောက် ရှိနေပါတယ်။

အဲဒီနောက်မှာတော့ ပညာရေးကဏ္ဍ၊ ကျန်းမာရေးစောင့်ရှောက်မှု တွေကပ်လိုက်နေတာပဲဖြစ်ပါတယ်။

ဒါ့အပြင် အာဟာရချို့တဲ့မယ့်သူဦးရေဟာ ၂ သန်းလောက်ထိရှိလာမှာဖြစ်ပြီး ကာကွယ်စောင့်ရှောက်မှုလိုအပ်တဲ့သူတွေ၊ ခိုလှုံစရာနေရာထိုင်ခင်းလိုမယ့်သူတွေ၊ ရေနဲ့ သန့်ရှင်းမှု လိုမယ့်သူတွေဟာလည်းသန်းနဲ့ချီ ရှိနေတယ်လို့ UNOCHA နဲ့ စာရင်းအရသိရပါတယ်။

Ref: United Nations OCHA Myanmar

ဆက်စပ်သတင်းများ

ဗီဒီယို

လတ်တလောမှာတော့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲသစ် တစ်ခုဖြစ်တဲ့ Omicron ကြောင့် ကမ္ဘာ့နိုင်ငံ တချို့မှာ ကူးစက်နှုန်း တက်ရိပ်ပြန်ပြနေပါတယ်။ ဥရောပနဲ့ အမေရိကန် အပါအဝင် နိုင်ငံအတော်များများဟာ နှစ်သစ်ကူးကို ကြိုဆိုခဲ့ကြပေမယ့် အခမ်းအနားတွေက သာမန်ထက်တော့ အသံတိုးတိတ်ခဲ့ပါတယ်။

News

NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကလည်း ပြည်သူအားလုံး ပြိုင်တူတွန်းကြမည် ဆိုပါက ပြည်သူ များ ထိခိုက်နစ်နာမှု အနည်းဆုံးနှင့် ပြည်သူ့အောင်ပွဲအမြန်ဆုံးရရှိမည်ဖြစ်ကြောင်း နှစ်ကူးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

မေးမြန်းခန်း

အာဏာသိမ်းစစ်ကောင်စီတပ်က NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် သဘောတူစာချုပ်ပါ အချက်များ အလေးထားလိုက်နာရန်နှင့် ချိုးဖောက်မှုများအပေါ် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခဲ့သည့်အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား ဒီဇင်ဘာ ၃၁ ရက်တွင်ဆက်သွယ်ပြီး သဘောထားအမြင်များ မေးမြန်းဖော်ပြလိုက်ပါသည်။