Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

၂၀၂၂ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါဆိုး အဆုံးသတ်နိုင်ဖို့ WHO အကြီးအကဲ မျှော်လင့်

လတ်တလောမှာတော့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲသစ် တစ်ခုဖြစ်တဲ့ Omicron ကြောင့် ကမ္ဘာ့နိုင်ငံ တချို့မှာ ကူးစက်နှုန်း တက်ရိပ်ပြန်ပြနေပါတယ်။ ဥရောပနဲ့ အမေရိကန် အပါအဝင် နိုင်ငံအတော်များများဟာ နှစ်သစ်ကူးကို ကြိုဆိုခဲ့ကြပေမယ့် အခမ်းအနားတွေက သာမန်ထက်တော့ အသံတိုးတိတ်ခဲ့ပါတယ်။

ကမ္ဘာ့ကပ်ရောဂါဆိုးကြီး ခြိမ်းခြောက်နေတဲ့ အခြေအနေကို ၂၀၂၂ ခုနှစ်မှာ အဆုံးသတ်နိုင်ဖို့ အကောင်းမြင် မျှော်လင့်ထားကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နှစ်သစ်ကူးကာလ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါက်တာ ဂျီဘရီယီးဆက်စ်က ကပ်ရောဂါ အဆုံးသတ်ရေး မျှော်လင့်ချက်နဲ့ ပတ်သက်လို့ အကောင်းမြင်တဲ့ သဘောမျိုး မှတ်ချက် ပေးသွားတာပါ။ ဒါပေမဲ့ ကပ်ရောဂါ တိုက်ဖျက်ရေးမှာ အမျိုးသားရေး ဝါဒကို ဆွဲကိုင်ထားတာတွေ၊ ကာကွယ်ဆေးတွေကို နိုင်ငံအနည်းအကျဉ်းက လက်ဝါးကြီးအုပ် စုဆောင်းထားတာမျိုးတွေက ကပ်ရောဂါ ကာလကို ပိုမို ရှည်ကြာသွားစေနိုင်တယ်လို့ သူက သတိပေးခဲ့ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ အမျိုးအမည်မသိ ကိုရိုနာ ဗိုင်းရပ်စ် အမျိုးအစားသစ်တစ်ခု ကူးစက်နေကြောင်း WHO က အတည်ပြု ထုတ်ပြန်ခဲ့ပြီး ၂ နှစ်အကြာမှာ ဒေါက်တာ ဂျီဘရီယီးဆက်စ်က အခုလို ကပ်ရောဂါ အဆုံးသတ် ကာလနဲ့ ပတ်သက်လို့ မျှော်လင့်ချက် ထားနိုင်တဲ့ စကားမျိုး ပြောဆိုလာတာ ဖြစ်ပါတယ်။ လက်ရှိ အချိန်ထိ ကမ္ဘာတလွှားမှာ ရောဂါကူးစက် ခံရသူ ၂၈၇ သန်းလောက် ရှိနေပြီး လူ့အသက်ပေါင်း ၅ သန်းခွဲနီးပါး ဆုံးရှုံးခဲ့ရပြီးပါပြီ။

လတ်တလောမှာတော့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲသစ် တစ်ခုဖြစ်တဲ့ Omicron ကြောင့် ကမ္ဘာ့နိုင်ငံ တချို့မှာ ကူးစက်နှုန်း တက်ရိပ်ပြန်ပြနေပါတယ်။ ဥရောပနဲ့ အမေရိကန် အပါအဝင် နိုင်ငံအတော်များများဟာ နှစ်သစ်ကူးကို ကြိုဆိုခဲ့ကြပေမယ့် အခမ်းအနားတွေက သာမန်ထက်တော့ အသံတိုးတိတ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါက်တာ ဂျီဘရီယီးဆက်စ်ကတော့ နိုင်ငံအလိုက် အမျိုးသားရေးကို ရှေ့တန်းတင်ပြီး ကာကွယ်ဆေးတွေ လက်ဝါးကြီး အုပ်မထားကြဘူးဆိုရင် ကပ်ရောဂါက ပိုပြီး အချိန်စောစော ဆုံးခန်းတိုင်သွားလိမ့်မယ်လို့ ဆိုပါတယ်။ ကမ္ဘာအနှံ့မှာ ကာကွယ်ဆေးတွေ ညီညီမျှမျှ ဖြန့်ကျက် ထိုးနှံမထားနိုင်တဲ့အခါ ဗိုင်းရပ်စ်ဟာ မျိုးကွဲသစ်တွေ ထပ်ပေါ်လာအောင် မျိုးဗီဇ ဆင့်ကဲပြောင်းလဲဖို့ အခွင့်အရေး ပိုရလာမှာဖြစ်ကြောင်း၊ ကာကွယ်ဆေး ဖြန့်ဝေမှု မညီမျှတာတွေကို အဆုံးသတ်နိုင်ခဲ့မယ်ဆိုရင် ကပ်ရောဂါလည်း ပြီးဆုံးသွားမှာ သေချာကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ပြောပါတယ်။

WHO ဟာ Omicron မျိုးကွဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ လေ့လာမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပေမယ့် သီးခြား သုတေသနရလဒ်တွေ အတော်များများကတော့ Omicron ကူးစက်ရင် အပြင်းစား ကိုဗစ်ရောဂါ ခံစားရတာမျိုး ဖြစ်နိုင်ခြေက အရင်မျိုးကွဲတွေထက် သိသိသာသာ ပိုနည်းကြောင်း ညွှန်ပြနေပါတယ်။ ဒါပေမဲ့ Omicronဟာ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲ အားလုံးထဲမှာ ကူးစက်နှုန်း အမြန်ဆုံး ဖြစ်တာကြောင့် ဗြိတိန်၊ အီတလီ၊ ဂရိတို့ အပါအဝင် နိုင်ငံတချို့မှာ နေ့အလိုက် ကူးစက်နှုန်း စံချိန်သစ်တွေပါ တင်နေပါတယ်။

WHO က ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ မတိုင်ခင်မှာ ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းထိ ကာကွယ်ဆေး ထိုးနှံ ပြီးစီးဖို့ မျှော်လင့်ထားပြီး ဒီအခြေအနေ အထမြောက်လာရင် ကပ်ရောဂါ အဆုံးသတ်ဖို့ ပိုမိုနီးစပ်သွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့ မြေပြင်အခြေအနေ အရတော့ အခက်အခဲပေါင်းစုံကြောင့် ဒီရည်မှန်းချက် အကောင်အထည် ပေါ်ဖို့ကို သံသယဝင်နေသူ တော်တော်များများ ရှိနေကြဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...

နိုင်ငံတကာ

တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့ဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ ကူးစက်မှု အခြေအနေတွေကို ကမ္ဘာသိ ဖွင့်ချပြခဲ့တဲ့သူတချို့ ပျောက်ဆုံးသွားပြီး အဲဒီထဲမှာ ဖန်ဘင်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။