Connect with us

Hi, what are you looking for?

News

ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို PDFများဝင်တိုက်

ရဲကင်းဂိတ်ဝင်ရောက်စီးနင်းပစ်ခတ်ချိန်တွင် ပေါက်ကွဲသံများလည်း ကြားရပြီးနယ်ခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲ
၅ ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ယနေ့ဇန်နဝါရီလ၂ ရက်နေ့ နံနက်၄နာရီအချိန်ခန့်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားအများအပြားသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFအဖွဲ့ဝင်တစ်ဦးကျဆုံးသွားကြောင်း ဒေသတွင်းသတင်းများတင်ဆက်နေသည့် မုံရွာချင်းတွင်းရိုးမသတင်းစာမျက်နှာက ရေးသားသည်။ သို့​သော်စစ်​ကောင်စီတပ်နှင့် ရဲများဘက်မှ အနည်းဆုံး ၅ ဦး​သေဆုံးပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲွများဘက်မှ ထိ့ခိုက်ကျဆုံးသူမရှိ​ကြောင်း PDF နှင့်နီးစပ်သူတစ်ဦးက​မူပြောကြားသည်။

ညောင်ပင်ကြီးရဲစခန်းကို “မိုးကြိုးလျှပ်စီး အဖွဲ့ “နှင့်”ဆားလင်းကြီး PDF” တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲ ၅ ယောက်သေဆုံးကြောင်းချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။

ရဲကင်းဂိတ်ဝင်ရောက်စီးနင်းပစ်ခတ်ချိန်တွင် ပေါက်ကွဲသံများလည်း ကြားရပြီးနယ်ခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်အတွင်းရှိလမ်းပိုင်းများအား အ​ရေးကြီးကိစ္စရှိမှအသုံးပြုကြရန်၊ ညရှစ်နာရီမှမနက်ငါးနာရီအတွင်း အ​ရေး​​ပေါ်အ​ခြေ​​နေမှလွဲ၍အသုံးမပြုကြရန်​​မေတ္တာရပ်ခံထားပြီးအရေးကြီးကိစ္စ​ရှိ၍ သွားလာသည့်အခါ လမ်း၌ စစ်ကားများ​တွေ့ရှိပါက ဆက်မသွားရန် သတိ​ပေး​​မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။