Connect with us

Hi, what are you looking for?

News

ဟွန်ဆန်နေပြည်တော်ရောက်တဲ့အချိန်မှာပဲစစ်ကောင်စီက သမ္မတ ဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ အမှု ၅ မှု ထပ်တိုး

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမှာမဟုတ်သလို သူရောက်တဲ့နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၅ မှု ထပ်တိုးလိုက်တာဖြစ်ပါတယ်။

ကမ္ဘောဒီးယား အာဏာရှင်ဟွန်ဆန် နေပြည်တော်ကို ရောက်တဲ့နေ့မှာပဲ စစ်ကောင်စီဟာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိမှု နဲ့ အမှု ၅ မှုထပ်တိုးတရားစွဲဆိုလိုက်ပါတယ်။

ဒီနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်ကိုအဂတိမှု နဲ့ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပြီး နောက်ထပ် အဂတိမှု ၅ မှု ထပ်တိုးတဲ့အကြောင်းအသိပေးလာတာလို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဘယ်ကိစ္စတွေအတွက် အဂတိမှုနဲ့စွပ်စွဲ ထားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။

ဒါကြောင့် လာမယ့် ရုံးချိန်းမှာ အဲဒီအမှုတွေအတွက် ရှေ့နေ ကိုယ်စားလှယ်စာတင်ရဖို့ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်နေတဲ့မြန်မာ့အရေးကိုဖြေရှင်းဖို့အတွက် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ သစ်ဖြစ်လာသူ ဟွန်ဆန် ဟာ စစ်ကောင်စီခေါင်းဆောင်တွေနဲ့လက်တွဲလုပ်ရမယ်လို့ ပြောထားတာရှိပါတယ်။

အဲဒီနောက် စစ်ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံဖို့ နေပြည်တော်ကို ဒီနေ့မှာရောက်လာတာပါ။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရမှာမဟုတ်သလို သူရောက်တဲ့နေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှု ၅ မှု ထပ်တိုးလိုက်တာဖြစ်ပါတယ်။

ဒါကြောင့်စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကိုအမှုပေါင်း ၁၇ မှုနဲ့ တရားစွဲဆိုထားတဲ့အထိဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အတွင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘောဒီးယားကိုသွားရောက်ချိန်က ဟွန်ဆန်လာရောက်ကြိုဆိုစဉ် ( AFP)

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

Facebook