Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာယာဥ်မီးလောင်လို့ ဝန်ထမ်းတွေ ဆင်းပြေး

နေပြည်တော်မှာ ဆိုကရေးတီးပြိုင်ပွဲအကြိုအပို့လုပ်တဲ့ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာယာဥ် မီးလောင်လို့ ဝန်ထမ်းတွေ ဆင်းပြေးခဲ့ရပါတယ်။

Screenshot

အောက်တိုဘာ-၂၅၊ ၂၀၂၆။မေရီ/People’s Spring

နေပြည်တော်မှာ ဆိုကရေးတီးပြိုင်ပွဲအကြိုအပို့လုပ်တဲ့ စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာယာဥ် မီးလောင်လို့ ဝန်ထမ်းတွေ ဆင်းပြေးခဲ့ရပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၅ ရက်၊မနက် ၁၁ နာရီခွဲခန့်က နေပြည်တော်၊ ရေပန်းဥယျာဥ်ရှေ့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို အကြိုအပို့လုပ်ပေးနေတဲ့ ကား ၁စီးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။ မီး​စလောင်လောင်ချင်း ယာဥ်ပေါ်ပါတဲ့ဝန်ထမ်းတွေကို ယာဥ်မောင်းက ဆင်းခိုင်းခဲ့တာကြောင့် လူအထိအခိုက်မရှိဘူးလို့ သိရပါတယ်။

” အင်ဂျင်ခေါင်းထဲက မီးခိုးစထွက်လာလို့ ကားသမားကမြန်မြန်ဆင်းကြဆိုလို့ပါ”လို့ ကားပေါ်လိုက်ခဲ့တဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးက မှတ်ချက်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီကနေ့ဟာ ရုံးပိတ်ရက်ဖြစ်ပေမဲ့ အဆိုပါယာဥ်ဟာ ဆိုကရေးတီးပြိုင်ပွဲမှာ ကြိုပို့ယာဥ်အဖြစ် သုံးစွဲနေရင်း မီးလောင်ခဲ့တာ ဖြစ်ပြီး ဘယ်ဌာနရဲ့ယာဥ်ဆိုတာကိုတော့ မသိရသေးပါဘူး။

လက်ရှိ အယ်နီညိုကြောင့် ရာသီဥတု ပူပြင်းနေတဲ့အပြင် ဌာနဆိုင်ရာယာဥ်တွေရဲ့ ယာဥ်ကြံခိုင်မှု နည်းပါးမှုအပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။