Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်နဲ့ မြို့သစ်မြို့ ဒေသခံ ၇ဦးကို စိတ်ကြွဆေးပြားတွေနဲ့အတူ နတ်မောက်ဂဠုန် PDF ဖမ်းဆီး

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

( WY စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းမိသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Bo Aung Din)

စက်တင်ဘာ- ၂၁၊၂၀၂၆။မိုမို/People’s Spring

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၉ ရက် ညနေက နယ်မြေရှင်းလင်းစစ်ဆေးချိန်မှာ WY စိတ်ကြွရူးသွပ်ဆေး ၂၀၀၀၀ ကျော် ၊ ဘိန်းမဲ ၂ပိဿာကျော် နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဉ်တွေအရ တပ်ကုန်းမြို့ တည်ပင်ကျေးရွာ နဲ့ မြို့သစ်မြို့ ချားပင်ရေကျေးရွာနေသူ ၇ဦးကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းမိမှု ဖြစ်စဉ်ကို စစ်ဆေးနေတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“နောက်ကွယ်မှာဘယ်သူတွေ ပါ၀င်နေသလဲဆိုတာ စစ်ဆေးနေတယ်။သိရတာအချက်အလက်တွေကို ထုတ်ပြန်အသိပေးမယ်”လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့တရားမဝင် မူးယစ်ဆေးဝါး အဓိကထုတ်လုပ်ရာနဲ့ သယ်ယူဖြန့်ဖြူးရာ နိုင်ငံတစ်ခုအဖြစ် အမေရိကန်ရဲ့ Blacklist စာရင်း မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ထည့်သွင်းခံထားရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သယ်ဆောင်မှု ပြဿနာတွေက ပြည်တွင်းသာမက ဒေသတွင်းနိုင်ငံတွေအထိ ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း တော်လှန်ရေးနယ်မြေတွေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်တာနဲ့ သုံးစွဲတာကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တင်ကြပ်စွာ တားမြစ်ကန့်သတ်ထားပါတယ်။ဒါ့အပြင် မူးယစ်ဆေးနဲ့ တော်လှန်ရေးမလုပ်ဘူးလို့လည်း ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။