Connect with us

Hi, what are you looking for?

News

လွိုင်ကော်တွင် ယနေ့ ပစ်ခတ်မှုဆက်ဖြစ်ပြီး မြို့​ပေါ်၌ ရဟတ်ယာဉ် ပျံဝဲနေ၊ မြို့ခံများ ထွက်ခွာတိမ်းရှောင်

ယနေ့ နံနက်ပိုင်းတွင်လည်း ပစ်ခတ်မှုများ ထပ်မံကြားနေရပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ကြားရကြောင်း လွိုင်ကော်မြို့ခံက ပြောသည်။ ယနေ့ ၁၁နာရီ ဝန်းကျင်ကလည်း ရဟတ်ယာဉ်တစ်စီး မြို့ပေါ်တွင် ပျံဝဲနေခဲ့သော်လည်း ပစ်ခတ်မှုမရှိခဲ့ဟု ၎င်းက ဆိုသည်။

တိုက်ပွဲပြင်းထန်နေသည့် ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့တွင် မြို့ခံအများစု ထွက်ပြေးတိမ်းရှောင်နေကြပြီး ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီး အပါအဝင် အခြားမြို့များသို့ ထွက်ခွာသွားသူများရှိကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“မြို့ပေါ် အခြေအနေက တော်တော်များများ ဒီလွိုင်ကော်မှာ မနေတော့ဘူး။ တခြားဘက်တွေရှောင်ကုန်ကြပြီ။ ရန်ကုန်- မန္တလေး- တောင်ကြီး ဒီဘက်ကလော ဘက်တွေဆင်းကုန်ကြပြီ။ မြို့ပေါ် ရပ်ကွက်တွေမှာ လူသိပ်ကို မရှိတော့ဘူး အကုန်လုံး ပစ္စည်းတွေသိမ်း စျေးတွေလည်း ပိတ်ပြီး အကုန် ရွှေ့ပြောင်းကုန်ကြပြီ” ဟု ၎င်းက ပြော သည်။

လွိုင်ကော်တွင် ကရင်နီဒေသ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည့် ဇန်နဝါရီ ၇ရက်မှစ၍ မြို့ခံများ စစ်ဘေးတိမ်းရှောင်ကြရရာ ဇန်နဝါရီ ၈ရက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များသုံးပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်၍ မြို့ကို စွန့်ခွာသူ ပိုများလာခဲ့သည်ဟု ဆိုသည်။

ယနေ့ နံနက်ပိုင်းတွင်လည်း ပစ်ခတ်မှုများ ထပ်မံကြားနေရပြီး လက်နက်ကြီးပစ်ခတ်သံများလည်း ကြားရကြောင်း လွိုင်ကော်မြို့ခံက ပြောသည်။ ယနေ့ ၁၁နာရီ ဝန်းကျင်ကလည်း ရဟတ်ယာဉ်တစ်စီး မြို့ပေါ်တွင် ပျံဝဲနေခဲ့သော်လည်း ပစ်ခတ်မှုမရှိခဲ့ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“ သူတို့ လှည့်ကင်းသဘောဖြစ်မယ်။ ပတ်တော့ ပတ်နေတုန်းပဲ။ ဒီဘက်က အကုန်လုံး ၀ိုင်းထားတယ်ဆိုတော့ လှည့်ပတ်ကြည့်တာနေမှာပေါ့ ။ဘာမှတော့မချသွားဘူး အရှေ့ဘက်ကို ဦးတည်ပြီး ပြန်ထွက်သွားတယ်။ သေနတ်သံတွေကတော့ ဆက်တိုက်ပါပဲ။ မိုင်းလုံးဘက်မှာ။ လက်နက်ကြီးသံကတော့ နာရီဝက် ခြားပြီးတစ်လုံး ပစ်နေတာ”ဟု လွိုင်ကော်မြို့ခံက ပြောသည်။

ယနေ့နံနက်ပိုင်းကလည်း လွိုင်ကော်မြို့အထွက်တွင် တိုက်ပွဲဖြစ်ပွားနေ၍ ယာဉ်သွားလာမှု ခေတ္တပိတ်ထားခဲ့ရကြောင်း ဒေသခံတို့က ဆိုသည်။

ယမန်နေ့က လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

လွိုင်ကော်အပါအဝင် ကရင်နီဒေသတွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီတပ်မတော်(KA)၊ လွိုင်ကော်နှင့် ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ KGZ နှင့် အခြား တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။