Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီလက်နက်ကြီးနဲ့ပစ်လို့ ကော့ကရိတ်မှာတစ်ဦး​သေဆုံးပြီး တစ်ဦးဒဏ်ရာရ

ဇန်နဝါရီ ၈ ရက် ညပိုင်းအချိန်က စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့အနီး ကမိုင်ကုန်းကျေးရွာက ဒေသခံပြည်သူတစ်ဦး သေဆုံးသွားခဲ့သလို တစ်ဦးထိမှန်ဒဏ်ရာရရှိသွားခဲ့တာပါ။

ဓါတ်ပုံ- ဒဏ်ရာရပြည်သူတစ်ဦး

ကော့ကရိတ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတစ်ဦး သေဆုံးသွားခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဇန်နဝါရီ ၈ ရက် ညပိုင်းအချိန်က စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့အနီး ကမိုင်ကုန်းကျေးရွာက ဒေသခံပြည်သူတစ်ဦး သေဆုံးသွားခဲ့သလို တစ်ဦးထိမှန်ဒဏ်ရာရရှိသွားခဲ့တာပါ။

ဒီကနေ့ ဇန်နဝါရီ ၉ ရက် မနက်မှာလည်း စစ်ကောင်စီရဲ့လက်နက်ကြီးထပ်မံပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့အနီး မောင်းမရွာသစ်က ဒေသခံပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၈ ရက် မနက်ပိုင်း စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့နွဲ့ကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာက ကလေးတစ်ဦးအပါအဝင် ဒေသခံ ၇ ဦး ထိမှန်ဒဏ်ရာရရှိခဲ့သေးတာ ဖြစ်ပါတယ်။ အဲ့ဒီအထဲက သုံးဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

ကော့ကရိတ်မြို့နယ်မှာ စစ်ကောင်စီတပ်ဟာ နေ့စဉ်လိုလို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာကြောင့် ဒေသခံရွာသားတွေဟာ ရွာထဲမှာ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လက်ရှိမှာ စစ်ရှောင်ဦးရေဟာ ၂၀၀၀ ဝန်းကျင်အထိ ရှိလာပြီလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook