Connect with us

Hi, what are you looking for?

News

CNF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

စစ်အာဏာရှင်စနစ်ပြုတ်ကျ​ရေးနှင့်ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူ​ထောင်နိုင်​ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားသည့် CDF-မတူပီမှ ရဲဘော်သည် ကလေး ၃ ယောက်၏ဖခင်တစ်ဦးဖြစ်​ကြောင်းလည်းဒေသခံများထံမှသိရသည်။

ချင်းပြည်နယ်၊ မတူပီ-ပလက်ဝကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိ့​တွေ့တိုက်ပွဲတွင် CDF(ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့) တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကြောင်း
ချင်းပြည်နယ် ကာကွယ်ရေးတပ်ဖွဲ့ (CD- Matupi) က ယနေ့ထုတ်ပြန်သည်။

ယနေ့ မနက် ၁၀နာရီခွဲခန့်တွင် အာဏာသိမ်းစစ်ကောင်းစီတပ် စနိုက်ပါနှင့် CDF-မတူပီ တပ်ရင်း ၃ မှ စနိုက်ပါတို့ ပစ်ခတ်ရာတွင် CDF- မတူပီဘက်မှ ရဲဘော်သည် လည်းပင်းကျည်ထိမှန်ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း မီဒီယာများတွင်ဖော်ပြထားသည်။

အဆိုပါရဲဘော်ကျဆုံးမူအတွက် လေးစားဂုဏ်ပြုကြောင်းနှင့် မိသားစုနှင့် ထပ်တူတပ်မျှ ဝမ်းနည်းကြောင်း CDF မတူပီက ယနေ့ညနေပိုင်းတွင်ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်ပြုတ်ကျ​ရေးနှင့်ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံထူ​ထောင်နိုင်​ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးသွားသည့် CDF-မတူပီမှ ရဲဘော်သည် ကလေး ၃ ယောက်၏ဖခင်တစ်ဦးဖြစ်​ကြောင်းလည်းဒေသခံများထံမှသိရသည်။

Public Service Announcement

Public Service Announcement

ထိုပြင် CDF-မင်းတပ်မှ ရဲဘော် တစ်ဦး သည်လည်း ဇန်နဝါရီ ၁၄ ရက်က ဖောက်ခွဲရေးမိုင်း စမ်းသပ်ရင်း မတော်တဆဖြင့် ထိခိုက်ကျဆုံးခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

၂၀၂၂ ဇန်နဝါရီလ ၆ ရက်မှ စတင်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ချင်းပြည်နယ် ဒေသခံကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊တပ်ဖွဲ့တွေက ရဲဘော်တွေက (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ​တွေဒီကနေ့ (ဇူလိုင် ၁၉) မှာ ပြုလုပ်ပြီးအ​လေးပြုခဲ့ကြပါတယ်။