Connect with us

Hi, what are you looking for?

News

စစ်တပ်ဆက်လက်ကျူးလွန်နေသော ဆိုးရွားသည့်လူ့အခွင့်အရေးချိုးဖောက်မှုများကို အီးယူထပ်မံပြစ်တင်

“အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်းဆောင်တွေထံ အာဏာပြန်အပ်ဖို့ အီးယူက တောင်းဆိုပါတယ်” ဟု ဂျိုးဆက်ဘော်ရယ်က ပြောသည်။

ဥရောပသမဂ္ဂသည် မြန်မာစစ်တပ် ဆက်လက်ကျူးလွန်နေသော ဆိုးရွားသည့်လူ့အခွင့်အရေးချိုး ဖောက်မှုများကို ထပ်မံပြစ်တင်ရှုတ်ချကြောင်း အီးယူအကြီးအကဲ ဂျိုးဆက်ဘော်ရယ်က ပြောသည်။

အထက်ပါ အီးယူအကြီးအကဲသည် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်ကို ယမန်နေ့(ဇန်နဝါရီ ၂၀ ရက်)တွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ဆက်သွယ်ပြောကြားသည်။

“အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်ခံခေါင်းဆောင်တွေထံ အာဏာပြန်အပ်ဖို့ အီးယူက တောင်းဆိုပါတယ်” ဟု ဂျိုးဆက်ဘော်ရယ်က ပြောသည်။

ထို့အပြင် စစ်မက်ဖြစ်ပွားမှုအားလုံး ချက်ချင်းရပ်တန့်ရန် အရေးကြီးမှုနှင့် အာဆီယံရပ်တည်ချက်နှင့်အညီ အကူအညီလိုအပ်နေသူအားလုံးထံ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ လူသားချင်းစာနာ မှုအကူအညီပေးရေးတို့ကို အီးယူအကြီးအကဲက ထပ်လောင်းတိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

မြန်မာ့အကျပ်အတည်း ငြိမ်းချမ်းစွာပြေလည်ဖြေရှင်းနိုင်ရေးအတွက် အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေးကို ထပ်မံတိုက်တွန်းပြီး အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး ဆက်လက်လုပ်ဆောင်မည့် အီးယူ၏ ကတိကဝတ်ကို ထပ်မံအတည်ပြုကြောင်း ဂျိုးဆက်ဘော်ရယ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။