Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်တပ်အတွက် သံချပ်ကာယာဉ်များကို ရုရှားပို့ဆောင်ပေးခဲ့ကြောင်း Myanmar Witness အတည်ပြု

Myanmar Witness မှရရှိသောပုံများတွင် အချို့ယာဉ်များမှာ BRDM-2M သံချပ်ကာ ကင်းထောက်/ကင်းလှည့်ယာဉ်များ ဖြစ်ပြီး BRDM-2M သည် ဆိုဗီယက် BRDM-2 ယာဉ်၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းဖြစ်သည်ဟု ဆိုသည်။

ရုရှားသည် အကြမ်းဖက်မြန်မာစစ်တပ်အတွက် သံချပ်ကာယာဉ်များကို ဇန်နဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း Myanmar Witness က အတည်ပြု ထုတ်ပြန်သည်။

Myanmar Witness သည် ရုရှားလက်နက်များ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော အကြောင်းကို အသေးစိတ်စုံစမ်းခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်တွင် ရုရှားလုပ် BRDM-2M 4X4 သံချပ်ကာယာဉ်များကို ပို့ဆောင်ခဲ့ကြောင်း Open Source မှရရှိသော သတင်းအချက်အလက်များအရ အတည်ပြုခြင်းဖြစ်သည်။

Myanmar Witness မှရရှိသောပုံများတွင် အချို့ယာဉ်များမှာ BRDM-2M သံချပ်ကာ ကင်းထောက်/ကင်းလှည့်ယာဉ်များ ဖြစ်ပြီး BRDM-2M သည် ဆိုဗီယက် BRDM-2 ယာဉ်၏ အဆင့်မြှင့်တင်ထားသော ဗားရှင်းဖြစ်သည်ဟု ဆိုသည်။

SIPRI ၏ လက်နက်ကုန်သွယ်မှုမှတ်ပုံတင်မှုများအရ ရုရှားနှင့်မြန်မာအကြား ၂၀၁၉ တွင် BRDM-2M အရေအတွက်မဖော်ပြနိုင်သော သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး မတင်ပို့မီ ၎င်းတို့ကို BRDM-2M ဗားရှင်းသို့ အဆင့်မြှင့်တင်ရမည်ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ သံချပ်ကာယာဉ်များကို သယ်ဆောင်လာသော အထွေထွေကုန်တင်သင်္ဘော CAPTAIN YAKUBOVICH သည် ဇန်နဝါရီ ၂၄ ရက် UTC စံတော်ချိန် ၀၃ နာရီ ၁၃ မိနစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိကာ သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သည့်ရာဇဝတ်မှုများဆက်လက်ကျူးလွန်နေသော စစ်ကောင်စီထံ လက်နက်ရောင်းချမှုရပ်တန့်ရန် အချိန်တန်ပြီဟု Justice for Myanmar က ယနေ့တောင်းဆိုထုတ် ပြန်ထားသည်။

Justice for Myanmar ၏ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခုအတွင်း လေယာဉ်များ၊ ဒုံးလက်နက်များ၊ သင်္ဘောများ၊ စက်အင်ဂျင်များ၊ အမြောက်များ၊ သံချပ်ကာယာဉ်များ၊ ရေတပ်လက်နက်များကို တရုတ်၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး၊ ဆားဘီးယားတို့က အများဆုံးတင်ပို့ရောင်းချ ခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံသို့ လက်နက်စီးဝင်မှုကို တားမြစ်ရန် ၂၀၂၁ ဇွန် လကတည်းက ဆုံးဖြတ်အတည်ပြုထားသော်လည်း အကြမ်းဖက်မြန်မာစစ်တပ်ထံ လက်နက် ရောင်းချပံ့ပိုးနေသည့် နိုင်ငံများ ရှိနေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။