Connect with us

Hi, what are you looking for?

News

ပျက်ကျသွားတဲ့ F-35 တိုက်လေယာဉ်ကို တရုတ် လက်မဦးခင် အမေရိကန် ရေတပ် ရှာဖွေနေ

ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်တွေအဖြစ် သတ်မှတ် ခံထားရတဲ့ F-35ရဲ့ အစိတ်အပိုင်းတွေကို ပြိုင်ဘက် တရုတ်က ရရှိသွားမှာ စိုးတဲ့အတွက် ခက်ခဲပြီး ရှုပ်ထွေးလှတဲ့ ရှာဖွေရေး လုပ်ငန်းစဉ်ကို အမေရိကန် ရေတပ်က အပူတပြင်း လုပ်ဆောင်နေတာလို့ လေ့လာသူတွေက ပြောပါတယ်။

တောင်တရုတ် ပင်လယ်ထဲမှာ ပျက်ကျခဲ့တဲ့ F-35 တိုက်လေယာဉ်ရဲ့ အပျက်အစီးတွေ တရုတ်လက်ထဲ မရောက်ခင် အမေရိကန် ရေတပ်က အသည်းအသန် ရှာဖွေနေပါတယ်။

ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ဂျက်တိုက်လေယာဉ်တွေအဖြစ် သတ်မှတ် ခံထားရတဲ့ F-35ရဲ့ အစိတ်အပိုင်းတွေကို ပြိုင်ဘက် တရုတ်က ရရှိသွားမှာ စိုးတဲ့အတွက် ခက်ခဲပြီး ရှုပ်ထွေးလှတဲ့ ရှာဖွေရေး လုပ်ငန်းစဉ်ကို အမေရိကန် ရေတပ်က အပူတပြင်း လုပ်ဆောင်နေတာလို့ လေ့လာသူတွေက ပြောပါတယ်။

F-35C အမျိုးအစား တိုက်လေယာဉ်ဟာ အခုသီတင်းပတ် အစောပိုင်းက USS Carl Vinson လေယာဉ်တင် သင်္ဘောကြီးပေါ် ဆင်းသက်ချိန်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ တစ်စီးကို ဒေါ်လာ သန်း ၁၀၀ ကျော်လောက် တန်ဖိုးရှိတဲ့ လေယာဉ်ဟာ USS Carl Vinsonရဲ့ ပြေးလမ်းပေါ် အရှိန်နဲ့ တိုက်မိပြီး ပင်လယ်ထဲ ထိုးကျသွားခဲ့ပါတယ်။ လေယာဉ်မှူးကတော့ အရေးပေါ် ခုန်ထွက်ပြီး လွတ်မြောက်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ လေယာဉ်မှူးအပြင် လေယာဉ်တင် သင်္ဘောပေါ်က အမှုထမ်း ၆ ဦးပါ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။

လေယာဉ်တင် သင်္ဘောပေါ်မှာလည်း ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပေမယ့် လေယာဉ် အဆင်းအတက် လုပ်ငန်းစဉ်တွေကတော့ ပုံမှန် ဆောင်ရွက်နေနိုင်ဆဲလို့ သိရပါတယ်။ လောလောဆယ် ရေတပ်ဟာ ကမ္ဘာပေါ်မှာ ပြဿနာ အများမြောင်ဆုံး ရေပြင်ဧရိယာ တစ်ခုရဲ့ ပင်လယ် ကြမ်းပြင်ကနေ F-35C ကိုယ်ထည် အပျက်အစီးကို ပြန်ဆယ်ယူ ဆွဲတင်ဖို့ပဲ အလုံးစုံ အာရုံစိုက်ထားပါတယ်။ တရုတ် ရေတပ်ကလည်း ဒီအခြေအနေကို စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ဟာ တောင်တရုတ်ရေပြင် ဧရိယာ တစ်ခုလုံးကို ပိုင်နက် နယ်မြေအဖြစ် လက်ဝါးကြီးအုပ်ဖို့ ကြိုးစားနေတာကြောင့် ဒေသတွင်း အိမ်နီးချင်း နိုင်ငံတွေနဲ့ တင်းမာမှုတွေ ရှိနေပါတယ်။ အမေရိကန်ကတော့ တရုတ်ရဲ့ အဆိုကို ပယ်ချထားပြီး တောင်တရုတ် ပင်လယ်ဟာ လွတ်လပ်တဲ့ နိုင်ငံတကာ ရေလမ်းကြောင်း တစ်ခုသာ ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ ပြီးတော့ အဲဒီရေပြင်မှာ အမေရိကန် ရေတပ်ရဲ့ ရေယာဉ်တွေ၊ လေယာဉ်တွေလည်း မကြာခဏ ကင်းလှည့်တတ်ကြပါတယ်။

အမေရိကန် အမှတ် ၇ ရေတပ်မကြီးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နစ်ကိုလက်စ် လင်ဂိုက USS Carl Vinsonဟာ F-35C ကိုယ်ထည် အပျက်အစီးကို ပြန်ရဖို့ ထိပ်တန်း ဦးစားပေးအဆင့် လုပ်ဆောင်နေကြောင်း အတည်ပြုခဲ့ပါတယ်။ ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်နေတဲ့ အနီးတဝိုက်မှာ တရုတ်ရေယာဉ်တွေ ခုတ်မောင်းသွားတာမျိုး တွေ့နေရကြောင်းလည်း ရေတပ်ရဲ့ အမည်မဖော်လိုတဲ့ အမှုထမ်း တစ်ယောက်က ပြောပါတယ်။

အမေရိကန် ရေတပ်ဟာ ၁၀ ရက်ကနေ ၁၅ ရက်လောက် အချိန် အပိုင်းအခြားအတွင်း ပြန်ဆယ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။ အမေရိကန် အနေနဲ့ လေယာဉ်ပျက် အစိတ်အပိုင်းကို ရှာတွေ့ရင် တော်ပီဒိုနဲ့ ပစ်ခတ် ဖျက်ဆီးလိုက်တာမျိုးလည်း ဖြစ်နိုင်ကြောင်း ခန့်မှန်းမှုတချို့ ထွက်ပေါ်နေပေမယ့် စစ်လက်နက်ရေးရာ သုတေသီတွေကတော့ ဒီကိစ္စဟာ အလားအလာ နည်းလွန်းကြောင်း သုံးသပ်ကြပါတယ်။ ပင်လယ် ကြမ်းပြင်အောက်မှာ လေယာဉ် အပျက်အစီး အစိတ်အပိုင်းတွေ ပျံ့နှံ့သွားခြင်းဟာ အမေရိကန်ရဲ့ ရေဒါ ထောက်လှမ်းရေး လုပ်ငန်းစဉ်တွေမှာ အနှောင့်အယှက်တွေ ကြုံသွားစေနိုင်ကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ နီဗားဒါး ပြည်နယ်မှာရှိတဲ့ အမေရိကန် လေတပ်ရဲ့ လျှို့ဝှက်စခန်း Area 51 နားထိ တောမီးတွေ ပျံ့နှံ့ ကူးစက်လာနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။