Connect with us

Hi, what are you looking for?

LuduNwayOo

News

အူမကြီးကင်ဆာဝေဒနာခံစားနေရသူ NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ကိုအာမခံပေး

ဖမ်းဆီးခံထားရတဲ့ ဦးစိုးဝင်းဟာ အသက် ၈၃ နှစ်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကတည်းက အူမကြီးကင်ဆာဝေဒနာကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ကုသမှုခံယူနေရသူဖြစ်ပါတယ်။

အစိုးရ လျှို့ဝှက်အက်ဥပဒေ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို စစ်ကောင်စီက အာမခံပေးလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဦးစိုးဝင်းဟာ အသက် ၈၃ နှစ်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကတည်းက အူမကြီးကင်ဆာဝေဒနာကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ကုသမှုခံယူနေရသူဖြစ်ပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက် NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စီးပွားရေးဝန်ကြီး ၃ဦးကို ထောင်ဒဏ် ၁၄ နှစ်ထိချလို့ရတဲ့ အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တရားစွဲဆိုခံရသူတွေကတော့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ၊ စီမံဘဏ္ဍာဝန်ကြီးဟောင်းဦးကျော်ဝင်း ၊ စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင်တို့ကိုဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီထဲမှာ ဦးစိုးဝင်းဟာ NLD အစိုးရအဖွဲ့ထဲ အသက်အကြီး ဆုံးဖြစ်ပါတယ်။ ဒါအပြင် ဦးစိုးဝင်းဟာ ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

ဆောင်းပါး

အထူးသဖြင့် နိုင်ငံရေးအရ စုပေါင်းအင်အားစုများကို တည်ဆောက်ရာတွင် သက်ဆိုင်ရာ နိုင်ငံရေး အင်အားစုများနှင့် အကျယ်ပြန့်ဆုံး ပေါင်းစပ် လုပ်ဆောင်ကြရန် အထူးအရေးကြီးကြောင်း NUG ယာယီသမ္မတက တိုက်တွန်းသည်။

သတင်း

ယနေ့(နိုဝင်ဘာ ၈ ရက်)ကျရောက်သော ၂၀၂၀ အထွေထွေရွေးကောက်ပွဲ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့တွင် အနိုင်ရပါတီ NLD က တိုင်းရင်းသား ပြည်သူလူထုက အပ်နှင်းလိုက်သော ဆင့်လွှဲတာဝန်ကို ကျေပွန်သည်အထိ ထမ်းဆောင်မည်ဟု ဖော်ပြသည်။