Connect with us

Hi, what are you looking for?

News

အူမကြီးကင်ဆာဝေဒနာခံစားနေရသူ NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ကိုအာမခံပေး

ဖမ်းဆီးခံထားရတဲ့ ဦးစိုးဝင်းဟာ အသက် ၈၃ နှစ်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကတည်းက အူမကြီးကင်ဆာဝေဒနာကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ကုသမှုခံယူနေရသူဖြစ်ပါတယ်။

အစိုးရ လျှို့ဝှက်အက်ဥပဒေ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ NLD စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်းကို စစ်ကောင်စီက အာမခံပေးလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဦးစိုးဝင်းဟာ အသက် ၈၃ နှစ်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလကတည်းက အူမကြီးကင်ဆာဝေဒနာကြောင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံမှာ ကုသမှုခံယူနေရသူဖြစ်ပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့နောက် NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျနိုင်ငံသား ရှောင်တာနယ်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် စီးပွားရေးဝန်ကြီး ၃ဦးကို ထောင်ဒဏ် ၁၄ နှစ်ထိချလို့ရတဲ့ အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တရားစွဲဆိုခံရသူတွေကတော့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း ၊ စီမံဘဏ္ဍာဝန်ကြီးဟောင်းဦးကျော်ဝင်း ၊ စီမံဘဏ္ဍာဒုဝန်ကြီး ဦးဆက်အောင်တို့ကိုဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီထဲမှာ ဦးစိုးဝင်းဟာ NLD အစိုးရအဖွဲ့ထဲ အသက်အကြီး ဆုံးဖြစ်ပါတယ်။ ဒါအပြင် ဦးစိုးဝင်းဟာ ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးမှုတွေကို ကျေးဇူးတင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးလှုံ့ဆော်မှုအဖွဲ့ (CRPP-NLD)က ဒီကနေ့ ထုတ်ပြန်ပါတယ်။