Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းထားသူတွေပြန်လွှတ်ပေးဖို့ ကုလလုံခြုံရေးကောင်စီထပ်မံတောင်းဆို

ကုလလုံခြုံရေးကောင်စီဟာဖေဖော်ဝါရီလ ၃ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာထားတာကိုစိုးရိမ်တယ်လို့လည်းဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့စစ်ကောင်စီကို ကုလလုံခြုံရေးကောင်စီ ထပ်မံတောင်းဆိုလိုက်ပါတယ်။

ကုလလုံခြုံရေးကောင်စီဟာဖေဖော်ဝါရီလ ၃ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာထားတာကိုစိုးရိမ်တယ်လို့လည်းဆိုထားပါတယ်။

ဒါအပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ အကျိုးစီးပွားအတွက် သက်ဆိုင်ရာအစုအဖွဲ့တွေ တွေ့ဆုံဆွေးနွေးကြဖို့ကိုလည်း ထပ်လောင်းတောင်းဆိုထားတာတွေ့ရပါတယ်။

မြန်မာ့အရေးမှာ အာဆီယံ က ကြားဝင်ဖြေရှင်းတာကို ကုလလုံခြုံရေးကောင်စီက ထောက်ခံအားပေးထားပြီး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကိုခန့်အပ်တာကိုလည်းကြိုဆိုတယ် ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာသက်ဆိုင်တဲ့အစုအဖွဲ့အားလုံးနဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့မျှော်လင့်နေတယ်လို့လည်း ကုလလုံခြုံရေးကောင်စီက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ