Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းထားသူတွေပြန်လွှတ်ပေးဖို့ ကုလလုံခြုံရေးကောင်စီထပ်မံတောင်းဆို

ကုလလုံခြုံရေးကောင်စီဟာဖေဖော်ဝါရီလ ၃ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာထားတာကိုစိုးရိမ်တယ်လို့လည်းဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့စစ်ကောင်စီကို ကုလလုံခြုံရေးကောင်စီ ထပ်မံတောင်းဆိုလိုက်ပါတယ်။

ကုလလုံခြုံရေးကောင်စီဟာဖေဖော်ဝါရီလ ၃ ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာထားတာကိုစိုးရိမ်တယ်လို့လည်းဆိုထားပါတယ်။

ဒါအပြင် မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ အကျိုးစီးပွားအတွက် သက်ဆိုင်ရာအစုအဖွဲ့တွေ တွေ့ဆုံဆွေးနွေးကြဖို့ကိုလည်း ထပ်လောင်းတောင်းဆိုထားတာတွေ့ရပါတယ်။

မြန်မာ့အရေးမှာ အာဆီယံ က ကြားဝင်ဖြေရှင်းတာကို ကုလလုံခြုံရေးကောင်စီက ထောက်ခံအားပေးထားပြီး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကိုခန့်အပ်တာကိုလည်းကြိုဆိုတယ် ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာသက်ဆိုင်တဲ့အစုအဖွဲ့အားလုံးနဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့မျှော်လင့်နေတယ်လို့လည်း ကုလလုံခြုံရေးကောင်စီက ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။