Connect with us

Hi, what are you looking for?

News

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးပြန်လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီတောင်းဆို

ကုလလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ရုရှားသံအမတ်ကြီးက အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဖေဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြခြင်းဖြစ်ပြီး ကောင်စီက မြန်မာ့အရေးအပေါ် လွန်စွာစိတ်ပူ(deep concern)နှင့် စိတ်ပူ (concern)စကားလုံး ၄ ကြိမ်သုံးနှုန်းထားသည်ကိုတွေ့ရသည်။

ဓာတ်ပုံ - UN

ကောင်စီထုတ်ပြန်ချက်တွင် လွန်စွာစိတ်ပူ(deep concern)နှင့် စိတ်ပူ (concern)စကားလုံး ၄ ကြိမ်သုံးနှုန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခံနေရသူအားလုံးကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထပ်လောင်းတောင်းဆိုသည်။

ကုလလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ရုရှားသံအမတ်ကြီးက အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဖေဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြခြင်းဖြစ်ပြီး ကောင်စီက မြန်မာ့အရေးအပေါ် လွန်စွာစိတ်ပူ(deep concern)နှင့် စိတ်ပူ (concern)စကားလုံး ၄ ကြိမ်သုံးနှုန်းထားသည်ကိုတွေ့ရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြု သုံးနှုန်းသည်။

Public Service Announcement

Public Service Announcement

သို့သော် ကောင်စီ၏ ယခုတကြိမ်ထုတ်ပြန်ချက်သည် ယခင်ထုတ်ပြန်ချက်များအတိုင်း အကြမ်းဖက်မှုများကို ထိန်းချုပ်ရန်၊ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဆက်လက်အားပေးထောက်ခံရန်၊ လူသားချင်းစာနာမှုအကူအညီများနှောင့်နှေးကြန့်ကြာမှုမရှိဘဲ ခွင့်ပြုပေးရန်၊ အားလုံးပါ ဝင်သည့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် စသည့် တိုက်တွန်းတောင်းဆိုချက်များ ပါဝင်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မြန်မာပြည်သူများကမူ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးဖြေရှင်းကူညီရာတွင် စကားလုံး၊ ထုတ်ပြန်ချက်များဖြင့် မလုံလောက်ဘဲ စစ်အုပ်စု၏ လူမဆန်သည့် အကြမ်းဖက်ကျူးလွန်မှုများရပ်တန့်ရေး လက်နက်တင်ပို့မှုကို ချက်ချင်း ရပ်တန့်ရန်၊ လေကြောင်းတိုက်ခိုက်မှုကို တားမြစ်ရန်၊ စစ်အုပ်စုထံစီးဝင်နေသော ဘဏ္ဍာငွေ ရင်းမြစ်များကို ဖြတ်တောက်ရန်နှင့် ကြီးလေးသောပြစ်မှုများကျူးလွန်သည့် စစ်ဗိုလ်ချုပ်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်ရမည်ဟု တောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

​သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook