Connect with us

Hi, what are you looking for?

LuduNwayOo

News

အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူအားလုံးပြန်လွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီတောင်းဆို

ကုလလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ရုရှားသံအမတ်ကြီးက အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဖေဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြခြင်းဖြစ်ပြီး ကောင်စီက မြန်မာ့အရေးအပေါ် လွန်စွာစိတ်ပူ(deep concern)နှင့် စိတ်ပူ (concern)စကားလုံး ၄ ကြိမ်သုံးနှုန်းထားသည်ကိုတွေ့ရသည်။

ဓာတ်ပုံ - UN

ကောင်စီထုတ်ပြန်ချက်တွင် လွန်စွာစိတ်ပူ(deep concern)နှင့် စိတ်ပူ (concern)စကားလုံး ၄ ကြိမ်သုံးနှုန်း

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် တရားလက်လွတ်ဖမ်းဆီးထိန်းသိမ်းခံနေရသူအားလုံးကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထပ်လောင်းတောင်းဆိုသည်။

ကုလလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ ရုရှားသံအမတ်ကြီးက အဖွဲ့ဝင်နိုင်ငံများကိုယ်စား ဖေဖော်ဝါရီ ၂ ရက်တွင်ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြခြင်းဖြစ်ပြီး ကောင်စီက မြန်မာ့အရေးအပေါ် လွန်စွာစိတ်ပူ(deep concern)နှင့် စိတ်ပူ (concern)စကားလုံး ၄ ကြိမ်သုံးနှုန်းထားသည်ကိုတွေ့ရသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ဆက်လက်အသိအမှတ်ပြု သုံးနှုန်းသည်။

Public Service Announcement

Public Service Announcement

သို့သော် ကောင်စီ၏ ယခုတကြိမ်ထုတ်ပြန်ချက်သည် ယခင်ထုတ်ပြန်ချက်များအတိုင်း အကြမ်းဖက်မှုများကို ထိန်းချုပ်ရန်၊ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဆက်လက်အားပေးထောက်ခံရန်၊ လူသားချင်းစာနာမှုအကူအညီများနှောင့်နှေးကြန့်ကြာမှုမရှိဘဲ ခွင့်ပြုပေးရန်၊ အားလုံးပါ ဝင်သည့် တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် စသည့် တိုက်တွန်းတောင်းဆိုချက်များ ပါဝင်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် မြန်မာပြည်သူများကမူ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးဖြေရှင်းကူညီရာတွင် စကားလုံး၊ ထုတ်ပြန်ချက်များဖြင့် မလုံလောက်ဘဲ စစ်အုပ်စု၏ လူမဆန်သည့် အကြမ်းဖက်ကျူးလွန်မှုများရပ်တန့်ရေး လက်နက်တင်ပို့မှုကို ချက်ချင်း ရပ်တန့်ရန်၊ လေကြောင်းတိုက်ခိုက်မှုကို တားမြစ်ရန်၊ စစ်အုပ်စုထံစီးဝင်နေသော ဘဏ္ဍာငွေ ရင်းမြစ်များကို ဖြတ်တောက်ရန်နှင့် ကြီးလေးသောပြစ်မှုများကျူးလွန်သည့် စစ်ဗိုလ်ချုပ်များကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် ဆုံးဖြတ်ချက် ချမှတ်လုပ်ဆောင်ရမည်ဟု တောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။