Connect with us

Hi, what are you looking for?

News

ကန်ပေါင်ခုံးတံတားပေါ် ဆန္ဒပြသည့်လူငယ်များကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

“ဆန္ဒပြ စာတန်းချိတ်ဆွဲတဲ့ လူငယ်လေးဦးကို စစ်တပ်က လိုက်ပစ်တာပါ။ တစ်ယောက်ထိပြီး ကျန်တဲ့ သုံးယောက် လွတ်သွားတယ်လို့ သိရတယ်။ သေနတ်ထိတဲ့တစ်ယောက်က မသေသေဘူးလို့တော့ သိရတယ်။ ကုတင် ၁၀၀၀ ဆေးရုံခေါ်သွားတယ်လို့ ကြားပါတယ်”ဟု ၎င်းက ပြောသည်။

(ပုံအဟောင်းကို အသုံးပြုထားပါသည်)

လူငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရပြီး ဖမ်းဆီးခံရ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင် လူကူးခုံးကျော်တံတားပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့်လူငယ်လေးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးရာ လူငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။

ယနေ့ ညနေပိုင်း၌ ခုံးကျော်တံတားပေါ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း စာတန်းချိတ်ဆွဲ ဆန္ဒပြသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာ တစ်ဦးထိမှန်ဒဏ်ရာရပြီးနောက် ဖမ်းဆီးခံရပြီး သုံးဦးမှာ လွတ်မြောက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

“ဆန္ဒပြ စာတန်းချိတ်ဆွဲတဲ့ လူငယ်လေးဦးကို စစ်တပ်က လိုက်ပစ်တာပါ။ တစ်ယောက်ထိပြီး ကျန်တဲ့ သုံးယောက် လွတ်သွားတယ်လို့ သိရတယ်။ သေနတ်ထိတဲ့တစ်ယောက်က မသေသေဘူးလို့တော့ သိရတယ်။ ကုတင် ၁၀၀၀ ဆေးရုံခေါ်သွားတယ်လို့ ကြားပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၃၇၁ ရက်ရှိပြီဖြစ်သော်လည်း လူငယ်များက စစ်အာဏာရှင်ဖြုတ်ချရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း ပြည်သူများက သပိတ်မှောက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

(၇၉)နှစ်မြောက်အာဇာနည်နေ့မှာ အာဇာနည်ကုန်းအနီးဖြတ်သန်းသွားလာတဲ့ လူငယ်တွေကို စစ်တပ်က စစ်ဆေးခဲ့ပြီး လူငယ် ၅ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ သိရပါတယ်။