Connect with us

Hi, what are you looking for?

LuduNwayOo

News

ကန်ပေါင်ခုံးတံတားပေါ် ဆန္ဒပြသည့်လူငယ်များကို စစ်ကောင်စီက သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီး

“ဆန္ဒပြ စာတန်းချိတ်ဆွဲတဲ့ လူငယ်လေးဦးကို စစ်တပ်က လိုက်ပစ်တာပါ။ တစ်ယောက်ထိပြီး ကျန်တဲ့ သုံးယောက် လွတ်သွားတယ်လို့ သိရတယ်။ သေနတ်ထိတဲ့တစ်ယောက်က မသေသေဘူးလို့တော့ သိရတယ်။ ကုတင် ၁၀၀၀ ဆေးရုံခေါ်သွားတယ်လို့ ကြားပါတယ်”ဟု ၎င်းက ပြောသည်။

(ပုံအဟောင်းကို အသုံးပြုထားပါသည်)

လူငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရပြီး ဖမ်းဆီးခံရ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် အင်းလျားကန်ပေါင် လူကူးခုံးကျော်တံတားပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့်လူငယ်လေးကို အကြမ်းဖက်စစ်ကောင်စီတပ်သားများက သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးရာ လူငယ်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရခဲ့သည်။

ယနေ့ ညနေပိုင်း၌ ခုံးကျော်တံတားပေါ်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း စာတန်းချိတ်ဆွဲ ဆန္ဒပြသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်သားများက သေနတ်ဖြင့် လိုက်လံပစ်ခတ်ရာ တစ်ဦးထိမှန်ဒဏ်ရာရပြီးနောက် ဖမ်းဆီးခံရပြီး သုံးဦးမှာ လွတ်မြောက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

“ဆန္ဒပြ စာတန်းချိတ်ဆွဲတဲ့ လူငယ်လေးဦးကို စစ်တပ်က လိုက်ပစ်တာပါ။ တစ်ယောက်ထိပြီး ကျန်တဲ့ သုံးယောက် လွတ်သွားတယ်လို့ သိရတယ်။ သေနတ်ထိတဲ့တစ်ယောက်က မသေသေဘူးလို့တော့ သိရတယ်။ ကုတင် ၁၀၀၀ ဆေးရုံခေါ်သွားတယ်လို့ ကြားပါတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၃၇၁ ရက်ရှိပြီဖြစ်သော်လည်း လူငယ်များက စစ်အာဏာရှင်ဖြုတ်ချရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ်နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း ပြည်သူများက သပိတ်မှောက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။