Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူများ၏ အသံသည်သာ အဓိကျကြောင်း ကုလအထူးကိုယ်စားလှယ်ပြော

၂၀၂၁ ဒီဇင်ဘာလလယ်ပိုင်းတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင် ရာအထူးကိုယ်စားလှယ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သော စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလင်း ဟေဇာသည် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း မရှိသေးပေ။

▪️NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ကုလအထူးကိုယ်စားလှယ်တို့ အွန်လိုင်းမှတဆင့် တွေ့ဆုံ

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် ၎င်းအတွက် မြန်မာပြည်သူများ၏ အသံသည်သာ အဓိကကျပြီး ၎င်း၏မျှော်မှန်းချက်သည် မြန်မာနိုင်ငံကို အကူအညီပေးရန်ဖြစ်ကြောင်း ယနေ့(ဖေ ဖော်ဝါရီ ၇ ရက်)ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဒေါက်တာနိုလင်းဟေဇာနှင့် အွန်လိုင်းမှတဆင့် ယနေ့တွေ့ဆုံခဲ့ရာ ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်ပြီး ကုလသမဂ္ဂအထူးကိုယ်စားလှယ်တစ်ဦးအနေဖြင့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးရမည်ကို နားလည်ပေးစေလိုကြောင်း ဆက်ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်က CNA သတင်းဌာနနှင့် အင်တာ ဗျူးတွင် ‘စစ်တပ်နှင့်အာဏာခွဲဝေရေး’ အကြောင်း ပြောကြားမှုနှင့်ပတ်သက်၍ နားလည်မှုလွဲမှားခဲ့သည်ကိုလည်း ဒေါက်တာနိုလင်းဟေ ဇာကလည်း ပြန်လည်ဖြေရှင်းခဲ့သည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ကုလသမဂ္ဂအထူးကိုယ်စားလှယ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံ အတွင်း ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသောအခြေအနေများကို ပိုမိုနားလည်စေရန် လေ့လာကြားနာသွားလိုကြောင်းဆွေးနွေးခဲ့သည်ဟု ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ကလည်း စစ်အုပ်စုက အာဏာသိမ်းရန် ကြံစည်မှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ ဖြစ်ပေါ်လာရသော လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် လူသားချင်းစာနာထောက်ထားမှုပေးရန် အရေးပေါ် လိုအပ်နေမှုအခြေအနေများကို ပြန်လည်ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းနောက် မြေပြင်တွင်ဖြစ်ပေါ်နေသောအခြေအနေများ၊ ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုများ၊ ယမန်နေ့ကဖြစ်ပွားခဲ့သော ၁၇ နှစ်အရွယ်ကျောင်းသားတစ်ဦးအား ရန်ကုန်မြို့လယ်ခေါင်တွင် သေနတ်နှင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့မှုများကို NUG နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဆက်လက်ပြီး အကြမ်းဖက်ဖမ်းဆီးနှိပ်စက်နေမှုများ ၊ ကျေးရွာများကို လူမဆန်စွာ မီးရှို့ဖျက်ဆီးနေမှုများ အပါအဝင် လေကြောင်းတိုက်ခိုက်မှုများစသည့် စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုများကို ဝန်ကြီးဒေါ်ဇင်မာအောင်က ရှင်းပြသည်။

၂၀၂၁ ဒီဇင်ဘာလလယ်ပိုင်းတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင် ရာအထူးကိုယ်စားလှယ်တာဝန်ကို စတင်ထမ်းဆောင်ခဲ့သော စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလင်း ဟေဇာသည် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။