Connect with us

Hi, what are you looking for?

News

ဗန်းမော်ရှိ စစ်ကောင်စီစုပေါင်းဂိတ်တစ်ခုကို KIA/PDF တိုက်ခိုက်​ကြောင်း KIAအတည်ပြု

တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီ၏ ခလရ(၄၇)တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဖန်းခါးကုန်းရွာရှိ အမျိုးသားတစ်ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ရဲများ၏ စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၇ရက်)က ဗန်းမော်မြို့နယ် ဖန်းခါးကုန်းရွာအနီးရှိ စုပေါင်းဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ၊မရှိ အခြေ အနေများကို ဖော်ပြမထားပေ။

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီ၏ ခလရ(၄၇)တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဖန်းခါးကုန်းရွာရှိ အမျိုးသားတစ်ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KIAနှင့် PDF တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ စစ်ကြောင်းနှင့် ဂိတ်တို့ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသမှာ တပ်စွဲထားတဲ့ စစ်တပ် လက်အောက်ခံ ရှမ်းနီးတပ် SNA စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်တပ်ရဲ့ အရေးပါတဲ့ တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဒီကနေ့ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် နမ့်မွန်းကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်က စစ်သင်တန်းဆင်းပွဲ လုပ်တာဟာ လုံး၀ မလုပ်သင့်တဲ့ အရာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်တပ် နေရာယူနေတဲ့ စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

Facebook