Connect with us

Hi, what are you looking for?

LuduNwayOo

News

ဗန်းမော်ရှိ စစ်ကောင်စီစုပေါင်းဂိတ်တစ်ခုကို KIA/PDF တိုက်ခိုက်​ကြောင်း KIAအတည်ပြု

တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီ၏ ခလရ(၄၇)တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဖန်းခါးကုန်းရွာရှိ အမျိုးသားတစ်ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ရဲများ၏ စုပေါင်းဂိတ်ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ခဲ့ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၇ရက်)က ဗန်းမော်မြို့နယ် ဖန်းခါးကုန်းရွာအနီးရှိ စုပေါင်းဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ၊မရှိ အခြေ အနေများကို ဖော်ပြမထားပေ။

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာသို့ စစ်ကောင်စီ၏ ခလရ(၄၇)တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဖန်းခါးကုန်းရွာရှိ အမျိုးသားတစ်ဦးကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

KIAနှင့် PDF တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ စစ်ကြောင်းနှင့် ဂိတ်တို့ကို တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။