Connect with us

Hi, what are you looking for?

News

ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်မြောက် အကြို Profile Campaign တွင်ပါဝင်ကြရန် NUG မေတ္တာရပ်ခံ

“အခမ်းအနားအစီအစဉ်ကို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အနှစ်သာရများ၊ တိုင်းရင်းသားများအားလုံး၏ စုစည်းညီညွတ်မှုများကို ထင်ဟပ်ပေါ်လွင်စေမည့် ပုံသဏ္ဍာန်ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်”ဟု NUG က အသိ ပေးသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်မြောက်အခမ်း အနားအကြို Profile Campaign တွင် ပြည်သူ များပူးပေါင်းပါဝင်ကြရန် အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က မေတ္တာရပ်ခံသည်။

အသုံးပြုရမည့် Profile Campaign Frame များတွင် (၁)ပင်လုံစာချုပ်ကတိတည်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ၊ အာဏာရှင်စနစ်အ မြစ်ဖြတ်မည်၊ (၂)ပင်လုံမှသည်ဖက်ဒရယ်ဆီ၊ လူမျိုးကြီးဝါဒတိုက်ဖျက်ညီ၊ အာဏာရှင်စနစ်အမြစ်ဖြတ်မည်၊ (၃)တန်းတူရေးကိုရှေးရှုချီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ စသည့်စာသားများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အခမ်းအနားအစီအစဉ်ကို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အနှစ်သာရများ၊ တိုင်းရင်းသားများအားလုံး၏ စုစည်းညီညွတ်မှုများကို ထင်ဟပ်ပေါ်လွင်စေမည့် ပုံသဏ္ဍာန်ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်”ဟု NUG က အသိ ပေးသည်။

ထို့ကြောင့် Campaign တွင်ပါဝင်ပြီး Profile Frame များထဲမှ ကြိုက်နှစ်သက်ရာတစ်ခုကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့အထိ ပြောင်းလဲပေးခြင်းအားဖြင့် တိုင်းရင်းသားပြည်သူအား လုံး ပူးပေါင်းပါဝင်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုဆီသွားရောက်မည့် ပြည်သူတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်မှုကို ပြသပေးကြပါရန် မေတ္တာရပ်ခံ သည်။

Public Service Announcement

Public Service Announcement

Profile Frame များပြောင်းလဲအသုံးပြုရာတွင် ယခုပါရှိသော Link ကို နှိပ်ပြီး twb.nz/towardsfederalunion1 မိမိနှစ်သက်ရာ Frame တစ်ခုကိုရွေးရန်၊ ထိုမှတဆင့် Choose Photo ကိုနှိပ်ရန်၊ ယင်းနောက် Files Manager ထဲက မိမိ Profile သုံးမည့်ပုံကိုရွေးရန်၊ ပြီးလျင် N ext ကို နှိပ်၍ Download ကိုဆက်နှိပ်ရန် စသဖြင့် အသေးစိပ် ရှင်းပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။