Connect with us

Hi, what are you looking for?

LuduNwayOo

News

ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်မြောက် အကြို Profile Campaign တွင်ပါဝင်ကြရန် NUG မေတ္တာရပ်ခံ

“အခမ်းအနားအစီအစဉ်ကို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အနှစ်သာရများ၊ တိုင်းရင်းသားများအားလုံး၏ စုစည်းညီညွတ်မှုများကို ထင်ဟပ်ပေါ်လွင်စေမည့် ပုံသဏ္ဍာန်ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်”ဟု NUG က အသိ ပေးသည်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်မည့် ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်မြောက်အခမ်း အနားအကြို Profile Campaign တွင် ပြည်သူ များပူးပေါင်းပါဝင်ကြရန် အမျိုးသားညီညွတ် ရေးအစိုးရ(NUG)က မေတ္တာရပ်ခံသည်။

အသုံးပြုရမည့် Profile Campaign Frame များတွင် (၁)ပင်လုံစာချုပ်ကတိတည်၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ၊ အာဏာရှင်စနစ်အ မြစ်ဖြတ်မည်၊ (၂)ပင်လုံမှသည်ဖက်ဒရယ်ဆီ၊ လူမျိုးကြီးဝါဒတိုက်ဖျက်ညီ၊ အာဏာရှင်စနစ်အမြစ်ဖြတ်မည်၊ (၃)တန်းတူရေးကိုရှေးရှုချီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ စသည့်စာသားများပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အခမ်းအနားအစီအစဉ်ကို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အနှစ်သာရများ၊ တိုင်းရင်းသားများအားလုံး၏ စုစည်းညီညွတ်မှုများကို ထင်ဟပ်ပေါ်လွင်စေမည့် ပုံသဏ္ဍာန်ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်”ဟု NUG က အသိ ပေးသည်။

ထို့ကြောင့် Campaign တွင်ပါဝင်ပြီး Profile Frame များထဲမှ ကြိုက်နှစ်သက်ရာတစ်ခုကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့အထိ ပြောင်းလဲပေးခြင်းအားဖြင့် တိုင်းရင်းသားပြည်သူအား လုံး ပူးပေါင်းပါဝင်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုဆီသွားရောက်မည့် ပြည်သူတစ်ရပ်လုံး၏ စိတ်ပိုင်းဖြတ်မှုကို ပြသပေးကြပါရန် မေတ္တာရပ်ခံ သည်။

Public Service Announcement

Public Service Announcement

Profile Frame များပြောင်းလဲအသုံးပြုရာတွင် ယခုပါရှိသော Link ကို နှိပ်ပြီး twb.nz/towardsfederalunion1 မိမိနှစ်သက်ရာ Frame တစ်ခုကိုရွေးရန်၊ ထိုမှတဆင့် Choose Photo ကိုနှိပ်ရန်၊ ယင်းနောက် Files Manager ထဲက မိမိ Profile သုံးမည့်ပုံကိုရွေးရန်၊ ပြီးလျင် N ext ကို နှိပ်၍ Download ကိုဆက်နှိပ်ရန် စသဖြင့် အသေးစိပ် ရှင်းပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။