Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်လာနဲ့ရွှေချောင်းလက်ခံတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့အမှု စွဲချက်တင် မတင် နှစ်ဖက်လျှောက်လဲချက်ပေးတော့မယ်

သားအငယ်ဆုံးလက်ဆောင်ပေးသွားတဲ့ တိုက်ချီဒိုခွေးလေး သေဆုံးတယ်ဆိုတဲ့ ကောလဟလတွေ မမှန်ကြောင်း တရားရုံးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

တိုက်ချီဒို သေဆုံးတယ်ဆိုတာ ကောလဟလသာဖြစ်

ဒေါ်လာနဲ့ရွှေချောင်းတွေ ပေးရတယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်း ရဲ့ထွက်ဆိုချက်အရ စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အဂတိအမှုကို စွဲချက်တင်၊ မတင် လျှောက်လဲချက်ပေးတော့မှာပါ။

အဲဒီအမှုကို ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပြီး စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ် သက်သေ ငါးဦးကိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီသက်သေ ငါးဦးလုံးဟာ ရဲအရာရှိတွေဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒီအမှုမှာ စစ်ဆေးစရာသက်သေတွေ ဆက်ရှိနေသေးပေမယ့် စွဲချက် တင်သင့် မသင့်ကို လာမယ့်ဖေဖော်ဝါရီလ ၁၈ ရက်မှာ နှစ်ဖက်လျှောက်လဲချက်ပေးရတော့မယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ဒါအပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှု လေးမှု ၊ ရဟတ်ယာဉ် ဌားရမ်းဝယ်ယူမှုနဲ့စွပ်စွဲထားတဲ့အမှု ငါးမှုတို့ကိုလည်း အဲဒီဖေဖော်ဝါရီလ ၁၈ ရက်ကို ချိန်းဆိုထားပါတယ်။

သားအငယ်ဆုံးလက်ဆောင်ပေးသွားတဲ့ တိုက်ချီဒိုခွေးလေး သေဆုံးတယ်ဆိုတဲ့ ကောလဟလတွေ မမှန်ကြောင်း တရားရုံးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒါပေမယ့် တိုက်ချီဒို ရဲ့ကျန်းမာရေးမကောင်းဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ခလရ(၁၄၂)အတွင်း ခိုလှုံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအရာရှိများသည် ဧပြီ ၈ ရက်ည ၈နာရီခန့်က တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်။

သတင်း

နိုင်ငံတဝှမ်းမှာရှိတဲ့ PDF တပ်ရင်း နဲ့ စစ်ကြောင်း ၃၀၀ ခန့်ကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့မှုတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ ဒီ​ထောက်ပံ့မှုဟာ ရိက္ခာနဲ့ အ​ထွေ​ထွေ အသုံးစာရိတ်​တွေအတွက်သာဖြစ်တယ်လို့သိရပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ