Connect with us

Hi, what are you looking for?

News

ဒေါ်လာနဲ့ရွှေချောင်းလက်ခံတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲထားတဲ့အမှု စွဲချက်တင် မတင် နှစ်ဖက်လျှောက်လဲချက်ပေးတော့မယ်

သားအငယ်ဆုံးလက်ဆောင်ပေးသွားတဲ့ တိုက်ချီဒိုခွေးလေး သေဆုံးတယ်ဆိုတဲ့ ကောလဟလတွေ မမှန်ကြောင်း တရားရုံးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

တိုက်ချီဒို သေဆုံးတယ်ဆိုတာ ကောလဟလသာဖြစ်

ဒေါ်လာနဲ့ရွှေချောင်းတွေ ပေးရတယ်ဆိုတဲ့ ဦးဖြိုးမင်းသိန်း ရဲ့ထွက်ဆိုချက်အရ စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အဂတိအမှုကို စွဲချက်တင်၊ မတင် လျှောက်လဲချက်ပေးတော့မှာပါ။

အဲဒီအမှုကို ဒီနေ့ နေပြည်တော်က အထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပြီး စစ်ကောင်စီဘက်က တရားလိုပြသက်သေအဖြစ် သက်သေ ငါးဦးကိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီသက်သေ ငါးဦးလုံးဟာ ရဲအရာရှိတွေဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒီအမှုမှာ စစ်ဆေးစရာသက်သေတွေ ဆက်ရှိနေသေးပေမယ့် စွဲချက် တင်သင့် မသင့်ကို လာမယ့်ဖေဖော်ဝါရီလ ၁၈ ရက်မှာ နှစ်ဖက်လျှောက်လဲချက်ပေးရတော့မယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံကသိရပါတယ်။

ဒါအပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှု လေးမှု ၊ ရဟတ်ယာဉ် ဌားရမ်းဝယ်ယူမှုနဲ့စွပ်စွဲထားတဲ့အမှု ငါးမှုတို့ကိုလည်း အဲဒီဖေဖော်ဝါရီလ ၁၈ ရက်ကို ချိန်းဆိုထားပါတယ်။

သားအငယ်ဆုံးလက်ဆောင်ပေးသွားတဲ့ တိုက်ချီဒိုခွေးလေး သေဆုံးတယ်ဆိုတဲ့ ကောလဟလတွေ မမှန်ကြောင်း တရားရုံးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒါပေမယ့် တိုက်ချီဒို ရဲ့ကျန်းမာရေးမကောင်းဘူးလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရှောက်ပင်ကျေးရွာက စစ်တပ်စခန်းတိုက်ခိုက်ရာ ၃ ဦး သေဆုံးပြီး သေနတ် ၅လက် သိမ်းဆည်းရရှိတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

လာမယ့် ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အတွက် ဗြိတိန်နဲ့ သြစ​တြေးလျမှာ ပြည်ပရောက် မြန်မာတွေက စုပေါင်းလမ်းလျှောက်ဆန္ဒပြခြင်းတွေ ဒီကနေ့ (ဇွန် ၁၅)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို ပြည်လုံးကျွတ်လှုပ်ရှားမှာဖြစ်ပြီး ပြည်သူအားလုံး ​ဘေးကင်းတဲ့နည်းလမ်း​တွေနဲ့ပါဝင်ကြဖို့ သပိတ်​ခေါင်း​ဆောင်​တွေ ၊​သပိတ်အဖွဲ့နဲ့​တော်လှန်​​ရေးအင်အားစု​တွေက နှိုး​ဆော်​ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။