Connect with us

Hi, what are you looking for?

News

အကြမ်းဖက်မှုများရပ်တန့်ရန် Quad လေးနိုင်ငံအဖွဲ့ ထပ်လောင်းတောင်းဆို

ဒီမိုကရေစီနိုင်ငံကြီးလေးနိုင်ငံအဖွဲ့(Quad) နိုင်ငံခြားရေးဝန်ကြီးများသည် ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲ အပြီးပူးတွဲထုတ်ပြန်ချက်တွင် မြန်မာ့အရေးကို ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

အမေရိကန်၊ ဩစတြေးလျ၊ အိန္ဒိယ၊ ဂျပန် လေးနိုင်ငံအဖွဲ့(Quad)က မြန်မာ့အကျပ်အတည်းကို လွန်စွာစိုးရိမ်ကြောင်းနှင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် ထပ်လောင်းတောင်းဆိုလိုက်သည်။

ဒီမိုကရေစီနိုင်ငံကြီးလေးနိုင်ငံအဖွဲ့(Quad) နိုင်ငံခြားရေးဝန်ကြီးများသည် ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းဆွေးနွေးပွဲ အပြီးပူးတွဲထုတ်ပြန်ချက်တွင် မြန်မာ့အရေးကို ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ နိုင်ငံခြားများအပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်းခံရသူအားလုံးကို ပြန်လွှတ်ပေးရန်နှင့် လူသားချင်းစာနာမှုအကူအညီ များကို အဟန့်အတားမရှိ ခွင့်ပြုပေးရန် အချက်များကို Quad ပူးတွဲ ကြေညာ ချက်၌ ဖော်ပြသည်။

“မြန်မာ့အရေးအဖြေရှာဖို့ အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်ုပ်တို့ရဲ့ အားပေးထောက် ခံမှုကို ထပ်လောင်းအတည်ပြုပါတယ်။ အာဆီယံရဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အရေးပေါ် အကောင် အထည်ဖော်ဖို့နဲ့ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ် အမြန်ဆုံးပြန်သွားဖို့ စစ်ကောင်စီကို ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု Quad နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကိုးကား – ANI ၊ ဓာတ်ပုံ – Dr. S. Jaishankar-

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လူစည်ကားတဲ့ ရှီဘူယဘူတာအနီးမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ သက်ရှိထင်ရှားရှိနေကြောင်း သက်သေပြပေးဖို့တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဧပြီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

“မြန်မာနိုင်ငံ ပြဿနာကို မဖြေရှင်းနိုင်သမျှ အာဆီယံသည် သူတို့ မျှော်မှန်းနေတဲ့ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေး ဆိုတာတွေက ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး” - ဒေါ်ခင်ဥမ္မာ (Progressive Voice)