Connect with us

Hi, what are you looking for?

LuduNwayOo

News

အခွန်တံဆိပ်ခေါင်း ၅မျိုးထုတ်ဝေရောင်းချမည်ဟု NUG ကြေညာ

NUG ၏စာချုပ်စာတမ်းများနှင့် သက်ဆိုင်သောကိစ္စရပ်များတွင် အသုံးပြုရန် ရည်ရွယ်၍ ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ် နှင့် ၅၀,၀၀၀ကျပ်တန် အခွန်တံဆိပ်ခေါင်းများကို ထုတ်ဝေရောင်းချမည်ဟု ဆိုသည်။

ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅) နှစ်မြောက်အထိမ်းအမှတ် အခွန်တံဆိပ်ခေါင်း ၅ မျိုးကို ထုတ်ဝေရောင်းချမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်တွင်းအခွန်များဦးစီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်)ကြေညာသည်။

NUG ၏စာချုပ်စာတမ်းများနှင့် သက်ဆိုင်သောကိစ္စရပ်များတွင် အသုံးပြုရန် ရည်ရွယ်၍ ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ် နှင့် ၅၀,၀၀၀ကျပ်တန် အခွန်တံဆိပ်ခေါင်းများကို ထုတ်ဝေရောင်းချမည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန် ထိုက်သင့်သော စာချုပ် စာတမ်းတခုခုကို ချုပ်ဆိုသူ မည်သူမဆို စာချုပ်မချုပ်ဆိုမီ သို့မဟုတ် စာချုပ်ချုပ်ဆိုချိန်တွင် အဆိုပါ တံဆိပ်ခေါင်းများကို ကပ်နှိပ်အသုံးပြုသွားရမည်ဟု အခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ယင်းအခွန်တံဆိပ်ခေါင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာန website ဖြစ်သည့် http://ird.nug-mm.net မှတဆင့် အသေးစိတ်စုံစမ်းဝယ်ယူနိုင်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။