Connect with us

Hi, what are you looking for?

News

အခွန်တံဆိပ်ခေါင်း ၅မျိုးထုတ်ဝေရောင်းချမည်ဟု NUG ကြေညာ

NUG ၏စာချုပ်စာတမ်းများနှင့် သက်ဆိုင်သောကိစ္စရပ်များတွင် အသုံးပြုရန် ရည်ရွယ်၍ ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ် နှင့် ၅၀,၀၀၀ကျပ်တန် အခွန်တံဆိပ်ခေါင်းများကို ထုတ်ဝေရောင်းချမည်ဟု ဆိုသည်။

ပင်လုံစာချုပ် ချုပ်ဆိုခြင်း (၇၅) နှစ်မြောက်အထိမ်းအမှတ် အခွန်တံဆိပ်ခေါင်း ၅ မျိုးကို ထုတ်ဝေရောင်းချမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်တွင်းအခွန်များဦးစီးဌာနက ယနေ့(ဖေဖော်ဝါရီ ၁၂ ရက်)ကြေညာသည်။

NUG ၏စာချုပ်စာတမ်းများနှင့် သက်ဆိုင်သောကိစ္စရပ်များတွင် အသုံးပြုရန် ရည်ရွယ်၍ ၂၀၀ ကျပ်၊ ၃၀၀ ကျပ်၊ ၁,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ် နှင့် ၅၀,၀၀၀ကျပ်တန် အခွန်တံဆိပ်ခေါင်းများကို ထုတ်ဝေရောင်းချမည်ဟု ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် သက်ဆိုင်သည့် တံဆိပ်ခေါင်းခွန် ထိုက်သင့်သော စာချုပ် စာတမ်းတခုခုကို ချုပ်ဆိုသူ မည်သူမဆို စာချုပ်မချုပ်ဆိုမီ သို့မဟုတ် စာချုပ်ချုပ်ဆိုချိန်တွင် အဆိုပါ တံဆိပ်ခေါင်းများကို ကပ်နှိပ်အသုံးပြုသွားရမည်ဟု အခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ယင်းအခွန်တံဆိပ်ခေါင်းများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်တွင်းအခွန်များဦးစီးဌာန website ဖြစ်သည့် http://ird.nug-mm.net မှတဆင့် အသေးစိတ်စုံစမ်းဝယ်ယူနိုင်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook