Connect with us

Hi, what are you looking for?

News

ကြိုပင်​ကောက်မြို့တွင် ရဲတစ်ဦး လမ်း​ပေါ်တွင်​သေနတ်ဖြင့်ပစ်သတ်ခံရ

“ကြို့ပင်ကောက်မြို့လယ်မှာ ဆိုင်ကယ်နဲ့ သွားနေတုန်း ပစ်သွားတာ။ ရဲယူနီဖောင်းနဲ့ လမ်းပေါ်မှာ သေနေတာ။မင်းအောင်လှိုင် ခိုင်းတဲ့အတိုင်း လူထုကို ပစ်ခတ်ဖြိုခွင်းသတ်ဖြတ်ခဲ့တဲ့ရဲတွေ နည်းနည်းမှ မသနားဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

ကြို့ပင်ကောက်မြို့မရဲစခန်းမှရဲတပ်ကြပ်တစ်ဦးကို​ သေနတ်ဖြင့် ပစ်ခတ်သုတ်သင်လိုက်ပြီး စစ်ကောင်စီဒေါက်တိုင်များကို ဆက်လက်အရေးယူသွားမည်ဟု ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော နတ်စစ်သည်အဖွဲ့က ယ​နေ့ထုတ်ပြန်သည်။

ပဲခူးတိုင်း ၊ကြို့ပင်ကောက်မြို့၊မြို့မရဲစခန်းမှရဲတပ်ကြပ်ဝင်းဦး အားနတ်စစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)မွန်းလွဲ နှစ်နာရီခွဲခန့်တွင် ရန်ကုန်-ပြည်လမ်း​ပေါ်တွင် သေနတ်ဖြင့် သုံးချက် ပစ်ခတ်၍အပြစ်​ပေးခဲ့ခြင်းဖြစ်​ကြောင်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement

“ကြို့ပင်ကောက်မြို့လယ်မှာ ဆိုင်ကယ်နဲ့ သွားနေတုန်း ပစ်သွားတာ။ ရဲယူနီဖောင်းနဲ့ လမ်းပေါ်မှာ သေနေတာ။မင်းအောင်လှိုင် ခိုင်းတဲ့အတိုင်း လူထုကို ပစ်ခတ်ဖြိုခွင်းသတ်ဖြတ်ခဲ့တဲ့ရဲတွေ နည်းနည်းမှ မသနားဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီအလိုကျ လိုက်နာကာ လူထုကိုဒုက္ခပေးနေသူများကို ဆက်လက်အရေးယူမည်ဟု နတ်စစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ စစ်​ကောင်စီရဲသတ်ဖြတ်ခံရပြီး​နောက် စစ်​ကောင်စီတပ်က လာ​ရောက်၍ လမ်းများကိုပတ်ဆို့ကာ လမ်းသွားလမ်းလာများ​ကို စစ်​ဆေး​နေ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် လှည်းတန်းဘူတာမှာ ထိုင်နေတဲ့ လူငယ် ၂ဦးကို စစ်တပ် လက်အောက်ခံ ရဲနဲ့ အရပ်ဝတ်က ဖုန်းယူစစ်ပြီးဖမ်းဆီးသွားတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေ ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

နိုင်ငံတကာ

မြို့တော် အန်ကာရာမှာ NATO စစ်မဟာမိတ်အဖွဲ့ ညီလာခံ လာတက်တဲ့ နိုင်ငံခေါင်းဆောင် အသီးသီးကို တူရကီ အစိုးရက ပစ္စတို သေနတ်တွေ လက်ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။