Connect with us

Hi, what are you looking for?

News

လေးကေကော်စစ်ဘေးရှောင်တွေ နှစ်လကြာပြီဖြစ်ပေမယ့် နေရပ်မပြန်နိုင်သေး

ဒီလို ထွက်ပြေးတိမ်းရှောင်ခဲ့တာ နှစ်လပြည့်ပြီဖြစ်ပေမယ့် လေးကေကော်နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာတော့ စစ်ကောင်စီတပ်ဘက်က ပြန်လည်ရုတ်သိမ်းတာတွေ မလုပ်သေးတာကြောင့် စစ်ဘေးရှောင်တွေအများစုဟာ နေရပ်ကိုမပြန်ရဲသေးဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆိုပါတယ်။

လေးကေကော်တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နှစ်လကြာပြီဖြစ်ပေမယ့် လက်ရှိမြေပြင်အခြေအရ နေရပ်ကိုပြန်နိုင်ဖို့ မလုံခြုံသေးဘူးလို့ စစ်ရှောင်အရေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် လေးကေကော်မြို့သစ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက စစ်ကောင်စီနဲ့ KNLA တပ်မဟာ ၆ တို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ မြေပြင်ထိုးစစ်နဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူ တစ်သောင်း ကျော်ဟာ နီးစပ်ရာနေရာတွေနဲ့ ထိုင်းဘက်ခြမ်းကို တိမ်းရှောင်ထွက်ပြေးနေခဲ့ရတာပါ။

ဒီလို ထွက်ပြေးတိမ်းရှောင်ခဲ့တာ နှစ်လပြည့်ပြီဖြစ်ပေမယ့် လေးကေကော်နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာတော့ စစ်ကောင်စီတပ်ဘက်က ပြန်လည်ရုတ်သိမ်းတာတွေ မလုပ်သေးတာကြောင့် စစ်ဘေးရှောင်တွေအများစုဟာ နေရပ်ကိုမပြန်ရဲသေးဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ဆိုပါတယ်။

“အခုချိန်ထိ မယ်ထော်သလေးဘက်ခြမ်းမှာလည်း စစ်ရှောင်တွေက ရာချီရှိသေးတယ်။ တချို့ကျတော့ ပြန်နေပြီပေါ့နော်။ ဒါပေမဲ့ အခုကကျတော့ ပြန်တဲ့လူကပြန် နေတဲ့လူကနေ ဒါပေမဲ့လည်း တော်တော်များများကျတော့ စိုးရိမ်နေသေးတယ်။ မလုံခြုံသေးဘူး။ ပြန်မရဲသေးဘူး” လို့ စောနန္ဒဆူးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လေးကေကော်တိုက်ပွဲကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနံဘေးတစ်လျှောက်နဲ့ နီးစပ်ရာဒေသတွေမှာ ယာယီခိုလှုံနေထိုင်နေရပြီး အစားအသောက်၊ ဆေးဝါးနဲ့ အမိုးအကာလိုအပ်ချက်တွေရှိနေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့အပတ်က ရာသီဥတုအခြေအနေကြောင့် စစ်ဘေးရှောင်တွေအများစုဟာ အမိုးအကာမလုံလောက်တာတွေဖြစ်နေပြီး မိုးရေထဲမှာပင် ညအိပ်ရတာတွေရှိနေတယ်လို့လည်း စစ်ရှောင်အရေးကူညီပေးနေတဲ့အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

လတ်တလော စစ်ရေးပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကေအဲန်ယူ ကော်သူးလေအုပ်ချုပ်နယ်မြေ ခရိုင်ငါးခုမှာ စစ်ဘေးရှောင်ပြည်သူသောင်းချီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေသေဆုံးနေရတာတွေလည်း ရှိနေတယ်လို့ ကေအဲန်ယူရဲ့ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပုဏ္ဏားကျွန်းမြို့နယ်၊ယိုးငူရွာမှာနေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသားတဦးဟာ စက်လှေနဲ့ ငါးဖမ်းထွက်နေရင်း လေယာဉ်ဝဲလာလို့စိုးရိမ်ပြီး မော့ကြည့်ရာကနေ ရေထဲပြုတ်ကျပြီး သေဆုံးသွားခဲ့ကာ အလောင်းရှာမတွေ့သေးဘူးလို့ ဒေသခံ တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ ၂ဦးသေဆုံးခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ဟာ စား၀တ်နေရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတချို့က ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook